ယခုအပတ်မှာတော့ အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်များကို ယှဉ်ပြိုင်ကစားသွားမှာပါ။ ယခုအပတ်မှာ အမှတ်ပေးပွဲစဉ်(၄)ကို ကစားကြမှာပါ။ ပွဲကြီးပွဲကောင်းအနေဖြင့် မန်ချက်စတာစီးတီးက လီဗာပူးနှင့် တွေ့ဆုံနေပါတယ်။ ဒါ့အပြင် တော့တီဟမ်စပါးတို့နှင့်အဲဗာတန်တို့၏ပွဲလည်းရှိပါတယ်။ ပြီးခဲ့တဲ့ ၂နှစ်က ချန်ပီယံတွေဖြစ်ခဲ့တဲ့ ချယ်ဆီးနှင့်လက်စတာ တို့လည်းတွေ့ဆုံနေပါတယ်။

ဇယားထိပ်ဆုံးက မန်ချက်စတာယူနိုင်တက်အနေဖြင့် စတုတ်စီးတီးနှင့်ကစားရမှာပါ။ မန်ချက်စတာယူနိုင်တက်အသင်းက ယခုရာသီမှာ ၃ပွဲကစား ၃ပွဲနိုင်ကာ ရဂိုး၁၀ဂိုး ပေးဂီုးလုံးဝ မရှိသေးပါဘုး။ အိမ်ရှင် စတုတ်စီးတီးကတော့ ၁ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံးထားကာ အဆင့် ၁၁မှာ ရပ်တည်နေပါတယ်။ စတုတ်စီးတီးအနေနှင့် အသင်းကြီးဖြစ်တဲ့ အာဆင်နယ်ကို အိမ်ကွင်းမှာနိုင်ထားပါတယ်။

မန်ချက်စတာယူနိုင်တက်ကတော့ နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေး၃၂ပွဲမှာ ပွဲ၃၀ထိမရှုံးအောင်ကစားထားပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုင်တက်က နောက်ဆုံးအမှတ်ပေး၅ပွဲလုံးပေးဂိုးမရှိပါဘူး။ မန်ချက်စတာယူနိုင်တက်က စတုတ်စီးတီးနှင့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၉ပွဲမှာ ၂ပွဲသာရှုံးနိမ့်ထားပါတယ်။ ယခုမန်ချက်စတာယူနိုင်တက်နှင့်စတုတ်စီးတီးတို့၏ပွဲမှာ မန်ချက်စတာယူနိုင်တက်ကပဲအနိုင်ယူကာ အမှတ်ပေးဇယားကို ဦးဆောင်နေမှာပါ။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။