တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ကျောင်းသူတစ်ယောက်ကို အခြားကျောင်းသူများက ရိုက်နှက်မှုဖြစ်ပွားခဲ့ပါတယ်။ အလယ်တန်းကျောင်းသူအခြင်းခြင်းဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသူ၄ဦးက အဆိုပါမိန်းကလေးကို ရိုက်နှက်ခဲ့ပါတယ်။ ရိုက်နှက်ခဲ့တဲ့ မိန်းကလေး၃ယောက်က ၁၄နှစ်ပါပဲ။

အခြားမိန်းကလေးတစ်ယောက်ကတော့ ၁၃နှစ်သာရှိပါတယ်။ အဆိုပါမိန်းကလေး၄ယောက်က ကာယံကံရှင်မိန်းကလေးကို ဆိုဂျူပုလင်းတွေ ခုံတွေနှင့် ရိုက်နှက်ခဲ့ပတာပါ။ သူတို့ရိုက်နှက်ခဲ့တာက ၁နာရီခွဲလောက်ထိကြာမြင့်ခဲ့ပါတယ်။ ထို့ကဲ့သို့ ရိုက်နှက်နေတာကို CCTV ကင်မရာကနေ မှတ်တမ်းတွေ အရသိရှိခဲ့ပါတယ်။

ကာယံကံရှင် မိန်းကလေးအနေနှင့် ထိုကဲ့သို့ ရိုက်နှက်ခံရမှုကြောင့် သေလုနီးပါအထိဖြစ်ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က တရားခံမိန်းကလေးတွေကို ဘာကြောင့်လုပ်ခဲ့လဲမေးရာ မိန်းကလေး၏အမှုအကျင့်ကို မကြိက်လို့ လုပ်တာလို့ဖြေခဲ့ကြသည်။ သို့သော် အရိုက်ခံခဲ့ရသူ မိန်းကလေး၏အမေကတော့ သူမ၏သမီးကို အဆိုပါ မိန်းကလေးတွေအနေနှင့်ရန်ပြုခဲ့တာကြာပြီလို့ ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကို မိခင်ဖြစ်သူက အရင်က တိုင်တန်းခဲ့သော်လည်း ရဲတပ်ဖွဲ့က မဆောင်ရွက်ပေးခဲ့ဘူးလို့ အမေက ပြောပါတယ်။ ယခုအခါမှာတော့ တရားခံမိန်းလေးတွေကို စစ်ဆေးနေပါတယ်။ သို့သော် တောင်ကိုရီးယား၏ဥပဒေအရ ၁၃နှစ်အောက်လူငယ်တွေက ပြစ်မှုမမြောက်ကြောင်း သိရှိရပါတယ်။

Hein (Mg Lu Aye)

Source - The Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။