လီဗာပူလ်းအသင်းဟာ သူတို့အသင်းရဲ့အကယ်ဒမီကထွက်ပေါ်လာခဲ့တဲ့ကစားသမားအချို့ကိုအသုံးပြုခဲ့ပြီးအရင်ကအောင်မြင်မှုတွေ ရရှိနိုင်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာလူငယ်တွေကို နေရာသိပ်မပေးတော့ပဲ ဈေးကွက်မှာသာကစားသမားတွေကိုခေါ်ယူအသုံးပြုခဲ့တာကိုလည်းတွေ့ရပါတယ်။လက်ရှိနည်းပြကလော့လက်ထက်မှာတော့ လီဗာပူလ်းအသင်းဟာသူတို့ရဲ့ အကယ်ဒမီကလူငယ်တွေဖြစ်တဲ့ အာနိုး၊ ဝုဘန်း စတဲ့ကစားသမားတွေကိုပြန်လည်နေရာပေးခဲ့တာလည်းကိုတွေ့ရပါတယ်။အကယ်ဒမီကနေထွက်ပေါ်လာပြီး ကြယ်ပွင့်ကစားသမားတွေဖြစ်ကြတဲ့ ကစားသမားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

မိုက်ကယ်အိုဝင်(တိုက်စစ်)

ကစားခဲ့တဲ့ပွဲပေါင်း - ၂၈၄ ပွဲ

သွင်းဂိုး-၁၅၀ ဂိုး

ဂိုးဖန်တီးမှု - ၈ ဂိုး

လက်ရှိကစားနေတဲ့ကလပ်အသင်း - အနားယူ

စတီဗင်ဂျရတ်(ကွင်းလယ်)

ကစားခဲ့တဲ့ပွဲပေါင်း - ၇၀၁ ပွဲ

သွင်းဂိုး- ၁၈၄ ဂိုး

ဂိုးဖန်တီးမှု - ၁၀၅ ဂိုး

လက်ရှိကစားနေတဲ့ကလပ်အသင်း - အနားယူ

ရော်ဘီဖောင်လာ(တိုက်စစ်)

ကစားခဲ့တဲ့ပွဲပေါင်း - ၃၂၂ပွဲ

သွင်းဂိုး- ၁၄၈ ဂိုး

ဂိုးဖန်တီးမှု -၁၁ ဂိုး

လက်ရှိကစားနေတဲ့ကလပ်အသင်း - အနားယူ

ကာရေဂါ(နောက်တန်း)

ကစားခဲ့တဲ့ပွဲပေါင်း - ၇၁၇ ပွဲ

သွင်းဂိုး- ၄ ဂိုး

ဂိုးဖန်တီးမှု - ၁၀ ဂိုး

လက်ရှိကစားနေတဲ့ကလပ်အသင်း - အနားယူ

စတားလင်း(တောင်ပံတိုက်စစ်)

ကစားခဲ့တဲ့ပွဲပေါင်း - ၁၂၉ ပွဲ

သွင်းဂိုး- ၂၃ ဂိုး

ဂိုးဖန်တီးမှု - ၂၅ ဂိုး

လက်ရှိကစားနေတဲ့ကလပ်အသင်း - မန်စီးတီး

ဆူဆို(တောင်ပံ)

ကစားခဲ့တဲ့ပွဲပေါင်း - ၄၂ ပွဲ

သွင်းဂိုး- ၁၀ ဂိုး

ဂိုးဖန်တီးမှု - ၁၂ ဂိုး

လက်ရှိကစားနေတဲ့ကလပ်အသင်း - အေစီမီလန်

လီဗာပူလ်းအသင်းဟာ လက်ရှိမှာ အကယ်ဒမီကစားသမားတွေကို ပြန်လည်နေရာပေးနေတာကြောင့် နောက်ထပ်ကြယ်ပွင့်တွေထပ်မံထွက်ရှိလာနိုင်အုံးမလားဆိုတာတော့ စောင့်ကြည့်ရအုံးမယ်ဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။