သူမရဲ့ အသစ်ထွက်ရှိတဲ့ စာအုပ်မှာ ရွေးကောက်ပွဲ ရှုံးနိမ့်မှုုအတွက် ၀န်ခံထားသော်လည်း ရွေးကောက်ပွဲကာလအတွင်း ပါ၀င်ပတ်သက်သူများ ကိုလည်းဝေဖန်ပြစ်တင်ထားပါတယ်။

ဟီလာရီကလင်တန်ဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်တင်မြှောက်ပွဲ အကြောင်းရေးသားထားတဲ့ သူမရဲ့ စာအုပ်အသစ်မှာ သမ္မတ ဒေါ်နယ်ထရန့် အပေါ်ရှုံးနိမ့် ခဲ့မှုအတွက် သူမမှာ တာဝန်ရှိကြောင်း ၀န်ခံထားပါတယ်။ သို့သော်လည်း သူမဟာ ဘားရက်အိုဘားမား၊ ဘာနေးဆန်းဒါး၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင် နဲ့ တခြားသူများကိုလည်း ဝေဖန်ပြစ်တင်ထားပါတယ်။

ဟီလာရီကလင်တန် က ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်တင်မြှောက်ပွဲ အတွင်းအဖြစ်အပျက်အများစု ဟာ သူမအနေနဲ့ ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ဘဲ သူမကိုရှုံးနိမ့်မှုကိုဦးတည်စေခဲ့ကြောင်း ရေးသားထားပါတယ်။ ရွေးကောက်ပွဲ အတွင်း သူမရဲ့ ပြိုင်ဘက် လွှတ်တော် အမတ် ဘာနေးဆန်းဒါး ရဲ့ ပြောဆိုတိုက်ခိုက်မှု တွေဟာ သူမရဲ့ ပုံရိပ်ကို ထိခိုက်စေခဲ့ပါတယ် လို့ အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဟီလာရီက ရေးသားထားပါတယ်။

သူမကို ထောက်ခံခဲ့ တဲ့ သမ္မတ အိုဘားမားကိုလည်း "အိုဘားမား အနေနဲ့ ရွေးကောက်ပွဲ ကာလအတွင်း ရုရှားနိုင်ငံ ရဲ့စွက်ဖက်မှု တွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါက သူမအတွက် ရွေးကောက်ပွဲမှာ ကူညီရာရောက်ခဲ့မှာပါ" လို့ အိုဘားမားအပေါ် စိတ်မကြည်လင်မှု ကို အဆိုပါ စာအုပ်မှာ ဖော်ပြထားပါတယ်။

သူမဟာ ယခင် ဒုသမ္မတ ဂျိုးဘိုင်ဒင် (သူမအတွက် မဲဆွယ်စည်းရုံးပေးခဲ့သူ)၊ ယခင် အက်ဖ်ဘီအိုင် အကြီးအကဲ ဂျိမ်းစ်ကိုမေး တို့ကိုလည်း ဝေဖန်ထားပါသေးတယ်။ ရုရှားသမ္မတ ပူတင်ကို လည်း သူမကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခဲ့မှု နဲ့ပတ်သက်ပြီး စွတ်စွဲထားပါတယ်။ သမ္မတ ပူတင်က သူမရဲ့ ကိုယ်ပိုင်အီးမေးအသုံးပြုမှု ကိစ္စ အပေါ် ဖွင့်ချတိုက်ခိုက်မှု ဟာ သူမအပေါ် အလွန်ထိခိုက်ခဲ့တယ် လို့ဆိုပါတယ်။ ဒေါ်နယ်ထရန့် နဲ့ပတ်သက်ပြီးတော့လည်း စကားစစ်ထိုးပွဲ တွေမှှာ ထရန့်ရဲ့ သူမအပေါ် ပြက်ရယ်ပြုတိုက်ခိုက်မှု တွေကို သူမအနေနဲ့ အတော်လေးသည်းခံ ခဲ့ရတယ်လို့ သူမကရေးသားထားပါတယ်။

Source: channelnewsasia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။