အဆိုတော်နိုင်းဝမ်းဟာ သူရဲ့ ချစ်သူ အသက်(၂၄)နှစ် ပြည့်မွေးနေ့မှ ချစ်သူနဲ့အတူ မိဘမဲ့ ပညာရေးကျောင်းမှာ အလှူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်းဝမ်းတို့စုံတွဲဟာ မွေးနေ့ရက်မှာ ရွှေတိဂုံဘုရားဖူးပြီး မနက်အစောကတည်းက ကောင်းမှုကုသိုလ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ဟာ မွေးနေ့အလှူအဖြစ် ရွာသာကြီးမှာရှိတဲ့ “မေတ္တာရောင်ခြည် သီလရှင် နှင့် မိဘမဲ့ပရဟိတ ပညာရေးကျောင်း” မှာ သီလရှင်အပါး(၁၂၀)နဲ့ မိဘမဲ့ကလေးများကို ဆွမ်းကပ်အလှူဒါနပြုခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ နိုင်းဝမ်းက သူအသုံးပြုတဲ့ fb စာမျက်နှာတွင်

“Happy 24th Birthday ပါ ကိုကို့ချစ်ဆုံး သဲတုံးရေMay Myo Thu Kyaw

ဒီနေ့ ချစ်သူမွေးနေ့ဖြစ်လို့ မနက်(၅)နာရီကတည်းက စပြီး ကောင်းမှုကုသိုလ်တွေပြု၊ ချစ်သူနဲ့တအူ ရွှေတိဂုံ ဘုရားန်ဖူး.. ပြီးတော့ မွေးနေ့ရှင် ချစ်သူရယ်၊ မနက်နဲ့ စက်တင်ဘာ(၁၃)မှာ မွေးနေ့ကျရောက်မယ့် အနာဂတ်မရီးလောင်းလေးနှစ်ယောက်ရဲ့ မွေးနေ့အတွက်ပါ ရည်စူးပြီး ရွာသာကြီးမှာ ရှိတဲ့ “မေတ္တာရောင်ခြည် သသသီလရှင်နနနှင့် မိဘမဲ့ ပရဟိတပညာရေးကျောင်း” မှာ သီလရှင်အပါး(၁၂၀)နဲ့ မိဘမဲ့ကလေးများကို ဆွမ်းကပ်အလှူဒါနပြုခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။

နိုင်ဝမ်းဟာ သူတို့ချစ်သူသက်တမ်း(၈)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် သူရဲ့ ချစ်သူအတွက် ရည်ရွယ်ပြီး “နင်သာရှိရင်(၂)” ဆိုတဲ့ တေးသီချင်းကို ရေးသားခဲ့ပါတယ်။ “နင်သာရှိရင်(၂)” တေးသီချင်းကို မကြာခင်အသစ်ထွက်မယ့် တစ်ကိုယ်တော် Album မှာ ထည့်သွားမှာ ဖြစ်တယ်လိုု့ သိရပါတယ်။ “နင်သာရှိရင်” တေးသီချင်းကတော့ ၂၀၁၂ခုနှစ် ချစ်သူသက်တမ်း(၃)နှစ်ပြည့်မှာ ရေးသားခဲ့တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။