သရုပ်ဆောင် သက်မွန်မြင့်နဲ့ရွှေသမီးတို့ဟာ သခင်ကြီးနှင့်ငပိတို့စရာ ရိုက်ကွင််းမှ သရုပ်ဆောင်ပုံရိပ်များဖြစ်ပါတယ်။သက်မွန်မြင့်ဟာ သရုပ်ဆောင်ဝါရင့်သဘာရင့် တစ်ယောက်ဖြစ်သလိုပဲ ရွှေသမီးကလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ချစ်စရာကောင်းသလို ပရိတ်သတ်ရဲ့အားပေးမှုကို များစွာရရှိထားသူတွေဖြစ်ပါတယ်။သူတို့ကိုချစ်တဲ့ ပရိတ်သတ်ကြီးကတော့ ချစ်ဖို့ကောင်းတဲ့ ဓာတ်ပုံတွေကိုလေးတွေကို ကြည့်ပြီး ပြုံးနေမှာပါ။သခင်ကြီးနှင့်ငပိတို့စရာဆိုတဲ့ ဇာတ်ကားအမည်နဲ့လိုက်အောင် ဇာတ်ကားဟာလည်းပုံစံဆန်းဆန်းလေးနဲ့ထွက်လာမယ်လို့ထင်ပါတယ်။

ဒီဇာတ်ကားမှာပါ၀င်တဲ့ သရုပ်ဆောင်တွေကတော့ ထွန်းကိုကို၊ထူးခြား၊မင်းခ၊နေရဲ၊သိန်းလင်စိုး၊ဇင်ဝိုင်း၊ကျော်ထွဋ်၊သက်မွန်မြင့်၊ရွှေသမီး၊

ကြယ်ဖြူရှင်းသန့်၊ခေးလရောင်၊ဂျူးစန္ဒီ၊မြတ်သဥ္ဖာလီ၊ဒေါ်အိအိစိုး၊စုရှိုင်း တို့ကပါ၀င်သရုပ်ဆောင်ထားကြပါတယ်။

သက်မွန်မြင့်ဟာ ဇာတ်ကားများစွာမှာပါ၀င်သရုပ်ဆောင်ထားခဲ့ဖူးပြီး အကယ်ဒမီနှစ်ဆုကိုလည်းရရှိထားသူပါ။

သတင်းအရင်းအမြစ် - ရွှေသမီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။