သာယာလှတဲ့ နွေရာသီ နေ့ရက်တွေမှာ နယူးယောက် တိုင်းမ်စကွဲယား ဟာ ကမ္ဘာတစ်ဝှမ်းမှ တိုးရစ်များနဲ့ စည်ကားနေပါတယ်။ နယူးယောက် တိုင်းမ်စကွဲယား မှာ လည်ပတ်သူတွေဟာ နီယွန် အလင်းရောင်ထိန်ထိန်များအောက် billboard တွေ နဲ့ စည်ကားလှတဲ့ စီးပွားရေးအချက်အချာ နေရာများမှာ လည်ပတ်ရင်း ဓာတ်ပုံရိုက်၊ အနားယူနေကြပါတယ်။ သို့သော်လည်း သူတို့ဟာ တင်းကြပ်လှတဲ့ ရဲတပ်ဖွဲ့တွေရဲ့ စောင့်ကြည့်ခြင်းကိုခံနေရပါတယ်။ နယူးယောက် တိုင်းမ်စကွဲယား မှာ လုံခြုံရေးကိုလည်း တင်းတင်းကျပ်ကျပ် ချထားပါတယ်။

Brooklyn မှာနေထိုင်တဲ့ Sue Garcia ကတော့ "ကျွန်မအဲ့လိုနေရာမျိုးကိုမသွားချင်ပါဘူး။ ကျွန်မအတွက်ကြောက်စိတ်တွေ ၀င်လာလို့ပါ" လို့ ဆိုပါတယ်။ မြို့သူမြို့သားတွေဟာ လူပေါင်း ၃၀၀၀ လောက် သေကြေပျက်စီးခဲ့ရတဲ့ စက်တင်ဘာ အကြမ်းဖက် မှုလိုမျိုး နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်မှာ ကို စိုးရွ့ံနေကြပါတယ်။ ၉/၁၁ တိုက်ခိုက်မှု ဖြစ်စဉ်တုံးက လွတ်မြောက်ခဲ့သူတွေ၊ ချစ်ခင်တဲ့သူတွေကို ဆုံးရှုံးခဲ့ရသူတွေ၊ အဲ့ဒီ့တုန်းက အဖြစ်အပျက်ကို မျက်မြင်ကြံုတွေ့ခဲ့ ရတဲ့ နယူးယောက် မြို့သူမြို့သားတွေ အတွက်တော့ ဒီနှစ်ပတ်လည်နေ့ဟာ သူတို့အတွက် မေ့ပျောက်လို့မရတဲ့ နေ့လည်းဖြစ်ပါတယ်။

မြို့ရဲ့ လူစည်ကားတဲ့ နေရာတွေ မှာတော့ ရဲတပ်သားပေါင်း ၃၈၀၀၀ လောက်ကို လုံခြံုရေးချထားပြီး စီစီတီဗွီ ကင်မရာများဖြင့် အချိန်ပြည့့်စောင့်ကြပ်နေပါတယ်။ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုများတွေ့ရှိပါက လည်း ရဲတပ်ဖွဲ့ကို အကြောင်းကြားဖို့ တိုက်တွန်းထားပါတယ်။ စက်တင်ဘာ ၁၁ အောက်မေ့ဖွယ် အဖြစ် ကမ္ဘာ့ကုန်သွယ်ရေး ညီနောင် အဆောက်အဦ (World Trade Center) ရှိခဲ့တဲ့ နေရာမှာ ထားရှိတဲ့ အောက်မေ့ဖွယ်နေရာ ကတော့ နယူးယောက် မြို့သူမြို့သားတွေသာမက ကမ္ဘာ တစ်ဝှမ်းလုံးမှ လူများအတွက် အောက်မေ့သတိရဖွယ်ပဲ ဖြစ်ပါတော့တယ်။

Source: CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။