ရုပ်ရှင်ဇာတ်ကားနာမည်လေးကြားရုံနဲ့ တစ်မျိုး၊တစ်ဖုံထူးခြားနေတယ်လို့စိတ်မှာထင်မိကြမှာပါ။ဟုတ်ပါတယ် ဇာတ်ကားလေးနာမည်ကဆန်းသလို ကြည့်ရှူ့မယ့်ပရိသတ်တွေအတွက်လည်း ရသအသစ်တွေရရှိမယ်လို့ထင်မိပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာထမီကျွတ်၍ လွှတ်လိုက်သည်ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ပါဝင်ကြတဲ့သရုပ်ဆောင်များနဲ့အတူ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနဲ့ စာနယ်ဇင်းမီဒီယာမှ တာဝန်ရှိသူတွေကလည်း တက်ရောက်အားပေးခဲ့ကြပါတယ်။

ထမီကျွတ်၍ လွှတ်လိုက်သည်ဇာတ်ကားကြီးထဲမှာဆိုရင်တော့ သရုပ်ဆောင်တွေအနေနဲ့ ကျော်ရဲအောင်၊ ဇေရဲထက်၊ စိုးမြတ်သူဇာ နဲ့ အိချောပိုတို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။စာရေးဆရာ မောင်သာရ ရဲ့နာမည်ကြီးဝတ္ထုကို အခြေခံပြီး အောင်သရဖူထုတ်လုပ် ရေး က ထုတ်လုပ်ပြီး ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ထမီကျွတ်၍ လွှတ်လိုက်သည်ဇာတ်ကားကြီးမှ ဇာတ်ကောင်တချို့ကိုပြောပြသွားပါ့မယ်။

ထမီကျွတ်၍ လွှတ်လိုက်သည်ဇာတ်ကားကြီးမှာဇေရဲထက်ကတော့ သက်မောင် ခေါ် မျိုးညွန့်ကာရိုက်တာကသရုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဇာတ်ကောင် ကာရိုက်တာကို ကိုယ်တိုင်ကျေနပ်အားရပြီး ပီပြင်စွာသရုပ်ဆောင်ခဲ့ရတယ့်အတွက်ကျေနပ်မိပါတယ်လို့လည်းဆိုပါတယ်။ပရိသတ်တွေကို ဒီဇာတ်ကားလေးကိုကြည့်စေချင်ပြီး ရင်ထဲနင့်သွားအောင်ခံစားရမယ့်ရုပ်ရှင်ဇာတ်ကားကလေးမို့ ကျေနပ်မိပါတယ်လို့လည်းသိရပါတယ်။ဆုမြတ်နိုးဦးကတော့ ဒီဇာတ်ကားထဲမှာ သက်မောင်ရဲ့သူငယ်ချင်းပေါ့။ ကျောင်းတက်တော့လည်း အတူတူ ကျောင်းပြီးသွားလို့ ကျူတာ လုပ်တော့လည်း အတူတူပေါ့။ ကာရိုက်တာလေးကတော့ ကိုယ်က သူ့ကို တစ်ဖက်သတ်ကြိုက်တယ်အကုန်လုံးကလည်း သိတယ်ပေါ့နော်။ ဒါပေမယ့် သူလက်ထပ်ခွင့်တောင်းတဲ့အချိန်မှာ ရုတ်တရက်ကျတော့ ချက်ချင်းဝမ်းသာသွားတယ်ပေါ့။ နောက်ကျ တော့ ပြန်တွေးလိုက်တော့ သူစိတ်ညစ်နေတဲ့အချိန်မို့လို့ ပြောတာဆိုတော့ လက်မခံဖြစ်လိုက်ဘူးလို့ပြောခဲ့ပါတယ်။ထမီကျွတ်၍ လွှတ်လိုက်သည်ဇာတ်ကားလေးကိုတော့ စက်တင်ဘာလ ၂၂ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့လည်းသိရပါတယ်။

သတင်းအရင်းအမြစ်-Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။