ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မိသားစုဝင်လေးဦးကို သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့သည့်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ထိုလုပ်ကြံမှုကြောင့်အသက် ၄နှစ် နှင့် ၅ နှစ် အရွယ် ကလေးငယ် နှစ်ဦး အပါအဝင် ၎င်းတို့ရဲ့ မိခင်နဲ့ မိသားစုဝင်တစ်ဦး တို့သေဆုံးခဲ့ကြောင်းကိုလည်းသိရှိရပါတယ်။စက်တင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီခွဲတွင် ထိုမိသားစုဝင်လေးဦးတို့သည် ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Oise ဒေသရှိ ဘူတာရုံတစ်ခု၌ ရှိနေစဉ်အချိန်တွင် သေနတ်ဖြင့်ပစ်သတ်လုပ်ကြံခံ ခဲ့ရကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားခဲ့ပါတယ်

ပြင်သစ်နိုင်ငံထုတ် Le Parisien နေ့စဉ်သတင်းစာက ရေးသားရာတွင် ၎င်းမိသားစုသည် မိတ်ဆွေသူငယ်ချင်းတစ်ဦး၏ အကူအညီဖြင့် မြို့မှထွက်ခွာစဉ် သေနတ်သမား နှစ်ဦး ၏ ပစ်ခတ် လုပ်ကြံမှု ခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ပစ်ခတ်မှုတွင် ပါဝင်သည့် သံသယရှိသူတစ်ဦးမှာ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သတင်းစာများကဖော်ပြထားခဲ့ပါတယ်။ အခြားသတင်းဌာနများ အဆိုအရ သံသယရှိသူတစ်ဦးမှာ ကလေး နှစ်ယောက်ရဲ့  ဖခင်ဖြစ်ကြောင်းလို့လည်း သိရပါတယ်။

အခြား သံသယ တရားခံတစ်ဦးမှာ ထွက်ပြေးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။ အခင်းဖြစ် Noyon ရထားဘူတာရုံကို ပိတ်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရဟတ်ယာဉ်တစ်စင်းကို အသုံးပြု၍ မြို့တွင်း ရှာဖွေ မှုကို လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။

Source - China Xinhua News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။