ဝိုင်းစုခိုင်သိန်းသည် မြန်မာ အမျိုးသမီး အဆိုတော်၊ ကြော်ငြာ၊ ဗီဒီယို သရုပ်ဆောင်တစ်ယောက် ဖြစ်သည်။ ဒီဇင်ဘာ ၂၄၊ ၁၉၈၆ တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဝိုင်းစုခိုင်သိန်း ပင်ဖြစ်သည်။ အ.ထ.က(၁)ဒဂုံ တွင် သူငယ်တန်းကမှ တက္ကသိုလ်ဝင်တန်းထိ နေခဲ့သည်။ ၂၀၀၃-ခုနှစ်တွင် ဆယ်တန်းအောင်မြင်၍ အင်္ဂလိပ်စာအဓိကနှင့် ဘွဲ့ရသည်။ ၂၀၀၄−ခုနှစ်တွင် သရုပ်ဆောင်အဖြစ်ဖြင့် အနုပညာလုပ်ငန်းကို စတင်ခဲ့သည်။  

ပထမဆုံး တေးစီးရီးအဖြစ် မက်လောက်စရာ ကို ထုတ်ဝေခဲ့သည်။ ထိုစီးရီးဖြင့် အောင်မြင်မှုရလာပြီးနောက် မျက်လှည့်၊ အာဘွား၊ ခါချနေရတယ် အမည်ရှိ စီးရီးများ ထပ်မံထွက်ရှိခဲ့သည်။တေးသံရှင် ဝိုင်းစုခိုင်သိန်းသည် ကိုဥက္ကာမြင့်ကြူ နှင့် ၂၀၁၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ မင်္ဂလာဆောင်ခဲ့ပြီး ၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့တွင် စိတ်သဘောထားချင်း မတိုက်ဆိုင်တော့သည့်အတွက် တရားဝင် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့သည်။

ဝိုင်းစုခိုင်သိန်း၏ တစ်ကိုယ်တော်စီးရီးသစ် ဂါ ကို ၂၀၁၆-ခု၊ အောက်တိုဘာ ၂၁-ရက်နေ့တွင် ထွက်ရှိသည်။လက်ရှိတွင်မယ်သီတာမီနီးတေးစီးရီးထွက် 16.7.2017 တွင်ထွက်ရှိထားသည်။ အချစ်ရေးမှာ တေးသံရှင်အဆိုတော်အောင်လနဲ့လက်တွဲထားရှိသည်။

Aung

Source: Internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။