မိခင်တွေဟာ ကိုယ့်ကိုကိုယ်ထက် ကိုယ့်သားသမီးကို ပိုဂရုစိုက်တတ်ကြတယ်ဆိုတာ

မယ်လိုဒီရဲ့ Video လေးက သက်သေပြလို့နေပါတယ် ။

မယ်လိုဒီဆိုတာ ချောမောလှပ Smart ကျနေတဲ့ မင်းသမီးတစ်လက်အဖြစ် ပရိတ်သတ်တွေက အမြဲမြင်ဖူးကြပါတယ် ။

ချစ်ဖို့ကောင်းတဲ့သားသားလေးကိုထိန်းနေချိန်မှာတော့ မယ်လိုဒီ ဆိုတာ အခြားတစ်ယောက်ပြောင်းသွားသလားလို့မှတ်ထင်ရလောက်အောင်

ပုံစံပြောင်းသွားခဲ့တာပါ ။ 

ထမီကို ဖြစ်သလိုပါတ်ပြီး သားသားလေးကို ဂုတ်ပေါ်တင် ထိန်းနေတဲ့ မယ်လိုဒီက

" ခေးမေဘဝ ခေးမေအလှ

ခေးမေအိမ်နေရင်းအကြွအရွ? " ဆိုပြီး သူမရဲ့ ပုံလေးတွေကို လူမှုကွန်ယက်မှာတင်လာခဲ့တာပါ ။ 

ပုံလေးကို မြင်တဲ့ ပရိတ်သတ်တွေကဒီပုံစံလေးကိုတောင် ပိုလို့သဘောကျနေကြပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ မိခင်မေတ္တာကို ပေါ်လွင်အောင်ဖော်ကြူးပြနိုင်လို့ပါပဲ ။

မယ်လိုဒီလို အမြဲကျော ့ရှင်းနေတဲ့မင်းသမီးတစ်လက်တောင် ကိုယ့်ကိုယ်ကို အလှပြင်မယ့်အချိန်တွေကိုလျှော့ပြီး ကိုယ့်ကလေးလေးကိုပိုဂရုစိုက်ချစ်ခင်နေတာကိုတွေ့ရတာ

တကယ့်ကို ကြည်နူးစရာလေးပါပဲ ။  ခေးမေအလှလေးကိုမှ ပိုချစ်တဲ့သူတွေရှိကြလားဗျိုး ?

သတင်းအရင်းမြစ် melody

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။