ပွင့် ကိုတော့ ပရိသတ်တွေကို သိရှိပြီးသားဖြစ်မှာပါ။သူမရဲ့ ပြည့်ပြည့် ၀၀ ပုံစံလေးက ပရိသတ်တွေကို သတိထားမှတ်မိစေနိုင်မှာပါ။နောက်ပြီး သူမကလည်း သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တယ့်အတွက်ပရိသတ်အားပေးမှုကို အပြည့်အဝရရှိထားသူတစ်ယောက်ပါ။သူမကတော့ ယခုနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေနည်းနေပေမယ့် ပရိသတ်တွေအတွက်တော့ အမြဲတမ်းပျော်စရာလေးတွေအမြဲလုပ်တတ်ေတာ့ပရိသတ်ချစ်ခင်မှုကတော့ မလျှော့ပါဘူးပေါ့

အနုပညာလှုပ်ရှားမှုအနေနဲ့တော့ မပွင့်ဟာ သရုပ်ဆောင်တင်မကပါဘူး ဇာတ်သဘင်၊အငြိမ့်တွေဆိုလည်း မပွင့်ကိုအားပေးတဲ့ပရိသတ်တွေကရှိနေပါတယ်။မပွင့်ကလည်း ဘက်စုံထူူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဆိုတာပရိသတ်တွေသိရှိပြီးသားပါ။ဟာသလေးတွေဆိုလည်း မပွင့်က သရုပ်ဆောင်တက်တော့ ပရိသတ်တွေပိုချစ်ပေါ့။ 

တစ်ခါက အင်တာဗျူးတစ်ခုမှာ တိုးတက်လာတဲ့ ဆေးပညာတွေနဲ့ ခွဲစိတ်မှုတွေ အလွယ်တကူ လုပ်လို့ရတယ့်ခေတ်မှာ ယခုလိုပြုလုပ်ခြင်းကိုအားပေးမလားမေးတော့ မပွင့်ကခေတ်မှီတယ့်ခေတ်မှာ ပိန်သွားအောင်ပြုလုပ်နိုင်ပေမယ့် ဒီ၀၀ လှလှလေးက ဘုရားပေးထားတယ့် အရာမို့ဒီပုံစံလေးကိုပဲနှစ်သက်တဲ့ပါတယ်လို့ပြောခဲ့ပါသေးတယ်။ပရိသတ်တွေက အမကချစ်စရာလေးပိန်မသွားနဲ့နော် ပြောတော့ ကိုယ်ကလည်းကျန်မာနေတော့ ယခုပုံစံလေးပဲရှိနေမယ်လို့လည်းသိရပါတယ်။

သတင်းအရင်းအမြစ်-ပွင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။