ဆိုရှယ်မီဒီယာတွေခေတ်စားလာတာနဲ့အမျှ အနုပညာရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာ လှုပ်ရှားမှုအကြောင်းလေးတွေဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားစရာဖြစ်လာပါတယ်

(၂၀၁၆)နှစ်ကုန်နဲ့ (၂၀၁၇)ခုနှစ်အတွင်း ကလေးမွေးထားပြီး မေမေဖြစ်သွားတဲ့ အမျိုးသမီးအနုပညာရှင်တွေရဲ့ မိသားစုဘဝပုံရိပ်လေးတွေကလည်း လူမှုကွန်ရက်မှာ နေ့စဉ်နဲ့အမျှ လူပြောများလျက်ရှိပါတယ်။

မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးတွေအနက် သူမတို့(၄)ယောက်ကတော့ ယခုနှစ်အတွင်းမှာ မေမေရာထူးတိုးသွားတဲ့ မင်းသမီးတွေပဲဖြစ်ပါတယ်။

အဆိုတော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့အမွှာညီအစ်မကို ဇန်ဝါရီလမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ လက်တလောမှာတော့ တစ်နေ့တစ်ခြားချစ်ဖို့ကောင်းလာတဲ့ အမွှာသမီးလေးတွေက မိဘတွေထက်တောင်ပိုပြီး ရေပန်းစားနေတာပါ။

ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ သက်မွန်မြင့် ခေါ် ချစ်သက်ကတော့ သူမရဲ့ ဒုတိယမြောက်သမီးလေး လဝန်း ကို (၂၀၁၇)ခုနှစ်မတိုင်ခင် ဒီဇင်ဘာလကုန်ခါနီး မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

မင်းသမီးချော ဆုပန်ထွာကတော့ သူမရဲ့ သားသားလေး Roar ကျော်ကို (၂၀၁၆)ခုနှစ်အောက်တိုဘာလောက် မွေးဖွားခဲ့တယ်လို့သိရပါတယ်။ အခုဆိုရင် Roar လေး ဘယ်လောက်တောင်ချစ်ဖို့ကောင်းလာလဲကြည့်လိုက်ပါဦး ။

သူမကတော့ မကြာသေးမီက လောလောလတ်လတ်မှ မေမေဖြစ်သွားတဲ့ မင်းသမီးချောလေး မိုးယုစံပါ။ မိုးယု ကတော့ သူမရဲ့ သားဦးလေး Austin ကို ပြီးခဲ့တဲ့ သြဂုတ်လမှာ မွေးဖွားခဲ့တာပါနော်။ သားသားလေးက အခုဆိုရင် (၃)ပတ်ပြည့်သွားပြီဖြစ်တယ်လို့ မိုးယုက သူမရဲ့လူမှုကွန်ရက်မှာ တင်ထားပါတယ်။

ဘယ်သားအမိကို အချစ်ဆုံးလဲ ပရိသတ်ကြီးရေ။ 

Source : Cele's fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။