GOT7 အဖွဲ့ဝင်ဖြစ်တဲ့ အဆိုတော် Jin Young ဟာ JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမယ့် “Magic School” ဒရမ်မာ မှာ ပါဝင် သရုပ်ဆောင်မယ်လို့ သိရပါတယ်။ Jin Young ဟာ “The Legen of the Blue Sea” ၊ “My Love Eun Dong” နှင့် “When A Man Loves” ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

“Magic School” ဒရမ်မာဇာတ်ကားကို စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်(၇)နာရီမှာ Naver TV ကနေ ပထမဆုံးအပိုင်းကို ထုတ်လွှင့်ပြသ ဖြစ်ပါတယ်။“Magic School” ဒရမ်မာမှာ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်များက မွေးကတည်းက Single ဖြစ်တဲ့ Lee Na Ra အဖြစ် Jin Young၊ ပါရမီ ဂီတပညာရှင် Jay အဖြစ် Yoon Park ၊ အမေရိကန်ကနေလာတဲ့ Joon အဖြစ် 2PM’s Nichkhun ၊ ရူပဗေဒပညာ ဒေါက်တာဘွဲ့ယူမယ့် Lee Sung အဖြစ် Kang Toon Jea တို့ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ Magic School ကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

Jin Young ဟာ “Magic School” ဇာတ်ကားမှာ ဖခင်ဖြစ်သူရဲ့ ဆန္ဒဖြစ်တဲ့ အစိုးရဝန်ထမ်းဖြစ်လာဖို့ ဆန္ဒကို လိုက်နာပြီး ချစ်သူတောင် မထားဖူးသေးတဲ့ စာတော်တဲ့ ကောလိပ်ကျောင်းသား အဖြစ် နေရတဲ့ Lee Na Ra အဖြစ် ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ငယ်သူငယ်ချင်းဖြစ်တဲ့ Woo Ri (Park Gyu Young) နဲ့ မတွေ့ဆုံမီ အထိ ရည်မှန်းချက်တစ်ခုတည်းကိုပဲ အကော်အထည်ဖော်နေတာ ဖြစ်ပါတယ်။ သူဟာ “Magic School” ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပြီး သူ့ဘဝတစ်လျှောက်လုံးမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်ခဲ့သူ တစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။