တူရကီနိုင်ငံ အရှေ့တောင်ပိုင်း Siirt ပြည်နယ်တွင် အမျိုးအမည်မသိသောဓါတုပစ္စည်းများပါဝင်သည့် စက်မှုလုပ်ငန်းသုံးစည်တစ်ခုကို ကလေးငယ်များကတွေ့ရှိခဲ့ကြပါတယ်။ထိုစည်ကိုကလေးငယ်များက ဖွင့်လှစ်ခဲ့တာကြောင့် စက်တင်ဘာ ၁၁ ရက်နှောင်းပိုင်းမှာ ကလေးငယ် ၂၃ ဦးအပါအဝင် အနည်းဆုံး လူ အယောက် ၄၀ အဆိပ်သင့်ကာ ဆေးရုံတင်ခဲ့ရကြောင်း ဒိုဂန်သတင်းဌာနကဖော်ပြခဲ့ပါတယ်။ 

ထိုလူနာများကို ဆေးကုသမှုခံယူရန် Siirt ပြည်နယ်ဆေးရုံကို အလျင်အမြန်ပို့ဆောင်ပေးခဲ့တာကြောင့် တစ်ဦးတစ်ယောက်မျှအသက်အန္တရယ်မစိုးရိမ်ရကြောင်း Siirt ပြည်နယ်အစိုးရရုံးကထုတ်ပြန်ခဲ့ပါတယ်။ဒေသခံများရဲ့ပြောကြားချက်များအရ ကျေးရွာအပြင်ဘက်မှာတွေ့ရှိခဲ့တဲ့ ဓါတုပစ္စည်းများသိုလှောင်ထားတဲ့စည်တစ်ခုကို ကလေးငယ်တွေကယူလာပြီး ဖွင့်ကြည့်ခဲ့ရာက ကိုယ်လက်မအီမသာဖြစ်ခြင်း ၊ပျို့အန်ခြင်း၊ စတဲ့ခံစားချက်တွေကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။

ကနဦးစစ်ဆေးချက်များအရ အဆိပ်သင့်ရခြင်းအကြောင်းရင်းဟာ ကလိုရင်းနဲ့ ကာဗွန်ကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။အခင်းဖြစ်ပွားပြီးနောက် ထိုဒေသကို သဘာဝဘေးအန္တရယ်နဲ့အရေးပေါ်စီမံခန့်ခွဲမှုအာဏပိုင်အဖွဲ့များ (AFAD)၊ ဆေးကုသမှုအဖွဲ့များနဲ့ တူရကီလခြမ်းနီအဖွဲ့များကို ဖြန့်ကျက်စေလွှတ်ခဲ့ကြောင်းလည်းသိရပါတယ်။အနီးအနားပတ်ဝန်းကျင်မှ ရွာသားများကိုလည်း နေရာရွှေ့ပြောင်းပေးခဲ့ကြောင်းလည်း သိရပါတယ်။ 

source - china xinhua news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။