တင်ဇာမော်ရဲ့ပြည်တော်ဝင်7 ကွန်းဆပ်

စက်တင်ဘာလ7ရက်နေ့က တင်ဇာမော်လန်ဒန်ကနေ

မြန်မာပြည်ကိုပြန်လာခဲ့တယ်။ပြန်လာရတဲ့

အကြောင်း7 Concertလို့ခေါ်တဲ့သူ့ရဲ့တစ်ကိုယ်တော်

ဂီတဖျော်ဖြေပွဲကျင်းပဖို့ပါ။7 Concert

ဟာကွဲပြားခြားနားမှု၊ရင်ခုန်စိတ်လှုပ်ရှားမှု၊ခန့်ညားထည်ဝါမှု၊

အမှတ်တရများစွာ၊ မျှော်လင့်ထားတာထက်ပိုတဲ့တင်ဆက်မှု၊

နှလုံးသားချင်း ဆက်သွယ်ပေးမယ့်ဂီတသံစဉ်၊စင်ပေါ်စင်အောက်ရင်ခုန်သံထပ်တူညီစေရမယ်ဆိုတဲ့

မူ7ချက်နဲ့ကျင်းပမှာဖြစ်ပါတယ်။

တင်ဇာမော်ဟာ7 ဆိုတဲ့အယ်ဘမ်တစ်ချပ်ကိုလွန်ခဲ့တဲ့ဖေဖော်ဝါရီလကဖြန့်ချီခဲ့ပြီး

မထင်ခဲ့ဘူး၊အိမ်ပြေးစတဲ့သီချင်းတွေနဲ့အတူ

ပရိသတ်ကြီးရဲ့နှလုံးအိမ်ကိုတစ်ကျော့ပြန်ပြန်လည်

သိမ်းပိုက်ပြခဲ့ပါတယ်။Myanmar Idol ဒိုင်

တစ်ဦးဖြစ်တဲ့ဂန္တဝင်အဆိုတော်ကြီးဟာ

သူမရဲ့7 Concert တစ်ကိုယ်တော်Showပွဲနဲ့အတူ

နောက်ထပ်ပရိသတ်တွေဘယ်လောက်များများထပ်မံသိမ်း

ပိုက်ဦးမလဲဆိုတာတော့အောက်တိုဘာ7ရက်နေ့ကိုစောင့်

ကြည့်ကြရအောင်ပါ။

သုဝဏ္ဏဘူမိEvent Parkမှာပြုလုပ်မယ့်တင်ဇာမော်ရဲ့တစ်ကိုယ်တော်

ဖျော်ဖြေပွဲကြီးကိုလာမယ့်အောက်တိုဘာ7ရက်နေ့

7နာရီကနေစတင်မှာပါ။ကြိုတင်လက်မှတ်တွေကိုတော့

စက်တင်ဘာ1ရက်နေ့ကနေစပြီးရောင်းမှာဖြစ်ပြီး

လက်မှတ်စျေးနှုန်းတွေကတော့VVIP Exclusive ကို

70000ကျပ်၊VVIPကို 50000ကျပ်၊VIPကို30000ကျပ်နဲ့

ရိုးရိုးGAကတော့15000ကျပ်ပါ။ပရိသတ်ကြီးရေ

အိမ်ပြန်လာတဲ့တင်ဇာမော်ရဲ့ပြည်တော်ဝင်

7 ကွန်းဆပ်ကိုကြည့်ဖို့အသင့်ပဲလား။

Source-7 concert


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။