အသက် ၃၁ နှစ်ရှိပြီ ဖြစ်တဲ့ လေဒီဂါဂါဟာ သူမ ရဲ့ ဇာတ်လမ်းတို အသစ် “Gaga: Five Foot Two” မှာ သူမရင်ဆိုင်နေရတဲ့ ကြွက်သားတွေနာကျင် တဲ့ဝေဒနာ ခံစားနေရပုံကို သူမ ရဲ့ ပရိသတ်တွေကို ချပြခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ သူမရဲ့ တွစ်တာ ပို့စ်မှာ သူမ အနေနဲ့ FIBROMYALGIA လို့ခေါ်တဲ့ ရောဂါဝေဒနာ ကိုခံစားနေရကြောင်း အတည်ပြုခဲ့ပါတယ်။ သူမ ယခုကဲ့သို့ တွစ်တာ ကနေပြောကြားရတဲ့ အကြောင်းကတော့ သူမ လို ရောဂါဝေဒနာ ခံစားနေရသူတွေကို သတိပြုမိပြီး အကူအညီပေးစေချင် လို့ပါတဲ့။

FIBROMYALGIA လို့ခေါ်တဲ့ ရောဂါဝေဒနာ ဟာ ကြွက်သားနာကျင်မှု ကိုဖြစ်စေပြီး အိပ်ပျော်နေချိန် ပင်ပန်းနွမ်းနယ်တာ၊ မှတ်ဉာဏ် နဲ့ စိတ်နေသဘောထား ကိုထိခိုက်စေတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ သြဂုတ်လမှာလည်း သူမရဲ့ ပုခုံးကို ဆရာဝန်နဲ့ ပြသနေတဲ့ ဓာတ်ပုံကို မျှဝေခဲ့ပါသေးတယ်။ သူမက ဒီရောဂါဝေဒနာ ကြောင့်သူမအနေနဲ့ စိတ်ပျက်ခဲ့ရကြောင်း ဒါပေမယ့် အခုလို တော်တဲ့ ဆရာဝန်တွေ ရှိနေတာ သူမအတွက် ကံကောငး်ကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ သူမဟာ ခရီးသွားမယ့် အစီအစဉ်တွေ ကို ပယ်ဖျက်ခဲ့ရပါသေးတယ်။ သူမရဲ့ တင်ပါးကို ခွဲစိတ်မှုပြုလုပ်ဖို့ပါ။ သူမ ရဲ့ ဆရာဝန် တွေကတော့ အနုပညာအလုပ်တွေ ကိုပင်ပန်းစွာ မလုပ်ဖို့ သတိပေးထားပါတယ်။ သူမရဲ့ ပရိသတ်တွေ ကလည်း သူမ အတွက် စိတ်ပူနေကြပါတယ်။

Source: msn entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။