ဒီကနေ့ကတော့ အသောက မင်းသားလေးရဲ့ မွေးနေ့ရက်လေး ဖြစ်ပါတယ်။ “ဘုန်းမီးနေလ မဟာ အသောက” ဇာတ်ကားထဲက အဓိက ဇာတ်ဆောင် မင်းသားချောလေး အသောက (အရှိုးက)လို့ မြန်မာ ပရိသတ်တွေ အနေနဲ့ လူသိများတဲ့ မင်းသားချောလေး ဟာ ဒီကနေ့ အသက်(၁၇)နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ Happy Birthday ပါ sidd ရေ..။ အသောက မင်းသားလေးရဲ့ နာမည်ရင်းကတော့ Siddharth Nigam ဖြစ်ပါတယ်။

Sidd ကို (၂၀၀၀)ခုနှစ် စက်တင်ဘာ(၁၃)ရက်နေ့မှာ အိန္ဒိယနိုင်ငံ အယ်လ်လာဟာဘတ်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒူဘိုင်းမြို့ မှာ နေထိုင်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မိသားစုနဲ့အတူ မွန်ဘိုင်းမှာပြောင်းရွေ့ နေထိုင်နေတာ ဖြစ်ပါတယ်။ (၂၀၁၁)ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်ကို ပီပြင်အောင် ထူးချွန်စွာ သရုပ်ဆောင်နိုင်တဲ့ Sidd ဟာ သရုပ်ဆောင်ဆု များကို လည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အနုပညာအလုပ်မှာ သာမက အားကစားမှာလည်း ထူးချွန်ထက်မြတ်သူ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျွန်းဘာကစားတာ ကျွမ်းကျင်ပြီး နိုင်ငံအဆင့် ကျောင်းပေါင်းစုံ ပြိုင်ပွဲတွေမှာလည်း ရွှေတံဆိပ်၊ ငွေတံဆိပ်ဆုများကို ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်ပါတယ်။ Sidd ရဲ့ ဝါသနာကတော့ စက်ဘီးစီးတာနဲ့ Gym ကစားတာ ဖြစ်ပါတယ်တဲ့။ အကြိုက်ဆုံး အစား အစာကတော့ မိခင်လုပ်ကျွေးတဲ့ အစားအစာနဲ့ ပီဇာ ဖြစ်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။