မျက်နှာမွဲယူ-18အသင်းလေးကိုအားပေးကြမှာလား

ဝင်းနိုင်ထွန်း၊ပြည့်စုံနိုင်တို့ရဲ့ယူ-18အသင်းလေးဟာ

မြန်မာ့လက်ရွေးစင်အသင်းတွေထဲမှာပရိသတ်အား

ပေးမှုတော်တော်နည်းတဲ့အသင်းလေးလို့ဆိုရပါမယ်။

အင်တာမီလန်လိုအသင်းနဲ့ကစားတဲ့ပွဲမှာတောင်

သုဝဏ္ဏကွင်းကြီးထဲပရိသတ်တွေခပ်ကျဲကျဲပါပဲ။

အခုကျင်းပနေတဲ့AFFယူ-18ပွဲစဉ်

တွေမှာလည်းကွင်းထဲကိုလာရောက်အားပေးတဲ့

ပရိသတ်တွေတော်တော်နည်းပါးနေခဲ့တာပါ။

ဘရူနိုင်းနဲ့ပွဲမှာဆိုရင်ကွင်းလယ်လူမြတ်ကောင်းခန့်က

ပရိသတ်ကြီးလာအားပေးကြပါဦးလို့တောင်းဆိုခဲ့ပါတယ်။

ဘရူနိုင်းနဲ့ပွဲမှာဆိုပရိသတ်တစ်ထောင်ကျော်လောက်ပဲ

လာအားပေးခဲ့တာပါ။သူတို့ဟာဒီနေ့ညနေခြောက်နာရီမှာ

ဗီယက်နမ်နဲ့အုပ်စုတက်ရေးအဆုံးအဖြတ်ပွဲကစား

သွားဖို့ရှိပါတယ်။မြန်မာအသင်းဟာဗီယက်နမ်ကို

နိုင်မှအုပ်စုကတက်မှာပါ။

ဗီယက်နမ်ဟာတောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်ပြီး

မြန်မာအသင်းအတွက်ဒီအုပ်စုမှာအခက်ခဲဆုံး

ပြိုင်ဘက်ဖြစ်လာမှာအသေအချာပါပဲ။ဒီလိုအချိန်မှာ

ဝင်းနိုင်ထွန်းတို့လိုအပ်နေတာက12ယောက်မြောက်

ကစားသမားတွေပါပဲ။12ယောက်မြောက်ကစားသမား

တွေရဲ့လက်ခုပ်သံကိုသူတို့မျှော်လင့်နေကြပါတယ်။

ပရိသတ်ကြီးရေညနေကွင်းထဲကိုအရောက်သွားကြရအောင်

ပါ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။