Shinhwa’s Eric

အဆိုတော် နဲ့ ရုပ်ရှင်သရုပ်ဆောင် Eric Mun ကို ဖေဖော်ဝါရီ လ ၁၆၊ ၁၉၇၉ခုနှစ် မှာမွေးဖွားခဲ့ပါတယ်။ သူဟာ အဆိုတော် အဖွဲ့ Shinhwa ရဲ့ အဖွဲ့ဝင် နဲ့ အဖွဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ဆိုးလ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းသုံးယောက် အနက် အငယ်ဆုံးဖြစ်ပါတယ်။ Eric ဟာ မင်းသမီး Park Si-yeon နဲ့ ၂၀၀၄ ခုနှစ်မှာ စတင်ချိန်းတွေ့ ပြီးတွဲခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ စုံတွဲဟာ ၂၀၀၇ ခုနှစ်မှာ ပြတ်သွားခဲ့ပါတယ်။

2PM’s Taecyeon

အဆိုတော်၊ သီချင်းရေးသူ၊ နဲ့ ရုပ်ရှင်သရုပ်ဆောင်Taecyeon ကို ဒီဇင်ဘာ ၂၇၊ ၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူကတော့ 2PM အဖွဲ့မှာ အဓိက rapper အဆိုတော်လည်းဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၀၁၃ခုနှစ်မှာ ထိုင်ဝမ် သရုပ်ဆောင်မင်းသမီး Emma Wu နဲ့ တွဲပြီး သရုပ်ဆောင်ထားတဲ့ “We Got Married” ဟာလူကြိုက်များခဲ့ပါတယ်။

Super Junior’s Choi Siwon

Choi Siwon ကို April လ ရရက်၊ ၁၉၈၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူမမှာ Ji-won လို့ခေါ်တဲ့ ညီမတစ်ယောက်ရှိပါတယ်။ သူဟာ ပရိုတက်စတင့် ခရစ်ယာန်ဘာသာဝင်တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ အင်တာဗျူးမှာ သာသနာပြုတစ်ယောက်ဖြစ်ခြင်ကြောင်းပြောကြားခဲ့ပါတယ်။

GOT7’s Jinyoung

Jinyoung ကို စက်တင်ဘာလ ၂၂ ရက်နေ့ ၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ကို Junior လို့လည်းခေါ်ပါတယ်။ မတ်လ ၁၁ ရက်၊ ၂၀၁၃ ခုနှစ်မှာ “When a Man Falls in Love” ၊ စက်တင်ဘာလ ၂၀၁၆ ခုနှစ်မှာ “The Legend of the Blue Sea” စတဲ့ ဇာတ်ကားများမှာ ပါ၀င်သရုပ်ဆောင်ထားပါတယ်။

Source: korea entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။