မူးယစ်ဆေးဝါးသယ်ဆောင်မှုတွေကတော့ မရိုးနိုင်အောင်ပဲတွေ့မြင်နေရပါတယ်။ယခုအခါမှာတော့ ဘရာဇီးအမျိုးသားတစ်ဦးအစာအိမ်မှာ ကိုကင်း ၁.၃ ကီလိုဂရမ်ထည့်လာတာဖမ်းမိတယ်လို့သတင်းရရှိပါတယ်။ဘရာဇီးအမျိုူးသားတစ်ယောက်ဟာ သူ့အစာအိမ်ထဲမှာ ကိုကင်း တစ်ကီလိုဂရမ်ကျော်ကို မြိုချပြီး ကုန်ကူးဖို့ကြိုးစားမှုနဲ့ သုဝဏ္ဏဘူမိလေဆိပ်မှာ အဖမ်းခံရကြောင်း ဘန်ကောက်ပို့စ်သတင်းစာက တနလာၤနေ့က ဖော်ပြပါတယ်။ 

အလေးချိန် ၁.၃ ကီလိုဂရမ်ရှိတဲ့ ဆေးတောင့်ပေါင်း တစ်ရာကို အသက် ၂၇ နှစ်အရွယ် အမျိုးသားရဲ့အစာအိမ်ထဲကနေ တွေ့ရှိရကြောင်း မူးယစ်ဆေးနှိမ်နင်းရေးဗျူရိုအရာရှိ ဆွမ်မိုင်ကောင်ဝီဆိုင်ဆက်က ပြောပါတယ်။ယခုလိုအမိအရဖမ်းမိခြင်းဟာ သတင်းပေးပို့မှုကြောင့်လို့လည်းသိရပါတယ်။အမျိုးသားဟာ အဒစ်အဘာဘာကတဆင့် အီသီယိုးပီးယားလေယာဉ်တစ်စီးကို စီးပြီး ဘရာဇီးကနေ ဘန်ကောက်ကို ရောက်လာကြောင်း ဘန်ကော

က်ပု့ိစ်က ဆိုပါတယ်။

နက်စ်စီမန်တိုဟာ ရဲတွေနဲ့ ပူးပေါင်းခဲ့ပြီး သူ့ခန္ဓာကိုယ်ကနေ ဆေးတောင့်တွေကို စွန့်ထုတ်ပြီးတာနဲ့ သုခွန်ဗစ်မှာရှိတဲ့ ဟိုတယ်တစ်ခုမှာရောက်နေတဲ့ အမျိုးသားတစ်ယောက်ကို ပေးမယ်လို့ ပြောပါတယ်။

သူ့ကို မူလအစီအစဉ်အတိုင်း သယ်ဆောင်ခွင့်ပြုပြီး နောက်တစ်ဦးဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် အယ်ဆွန်နီယက်စ် ဒါ ဆေးဗားကို ဖမ်းမိခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ 

သတင်းအရင်းအမြစ်-kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။