သရုပ်ဆောင်နိုင်လူဟာ အနုလောကမှာ လူကြမ်းနေရာက ပရိတ်သတ်အမုန်းခံပြီး ရိုက်ကူးခဲ့ရသူပါ။လူကြမ်းနေရာမှာသာအောင်မြင်တဲ့နိုင်လူဟာ လူအများရဲ့အမုန်းကိုခံရပေမဲ့ နွေးထွေးတဲ့မိသာစုလေးက သူ့ကိုခွန်အားတွေများစွာပေးနေပါတယ်။ချစ်စရာကောင်းတဲ့ သမီးလေးနဲ့သူအရမ်းချစ်တဲ့ ဇနီးသည်ကို ပိုင်ဆိုင်ထားသူပါ။နို်င်လူဟာ ၁၉၈၉ ခုနှစ် ကိုးတန်းကျောင်းသားဘဝတည်းက အနုပညာအလုပ်ကိုစတင်လုပ်ကိုင်ခဲ့သူပါ။

သူဟာမေးမြန်းမှုတစ်ခုမှာ သူ့ရဲ့ငယ်ဘဝအနုပညာပုံရိပ်လေးကို တဖန်ပြန်ပြောပြပါတယ် “အဲဒီတုန်းက ကိုးတန်းကျောင်းသာပဲရှိသေးတယ် မင်းသားမင်းသမီးအလိုရှိသည်လို့ သတင်းစာထဲမှာတွေ့တော့ ကျောင်းမုန့်ဖိုး ၅၀ နဲ့လိုင်းကားစီးပြီး မင်းသားအရွေးခံဖို့သွားလျှောက်ခဲ့တာ လာတဲ့လူတွေကကိုယ်ပိုင်ကားတွေဘာတွေနဲ့ဆိုတော့ ကိုယ်ကမျက်နှာငယ်ရတာပေါ့”လို့ သူ့ရဲ့အနုပညာစတင်လျှောက်ခဲ့ပုံလေးကိုယ်ပြန်ပြောပြပါတယ်။ထိုနောက် မင်းသားနေရာကအဆင်မပြေဒါကြောင့် ပိုထင်ရှားမယ့် လူကြမ်းနေရာကို ရွေးပြီးလျှောက်လှမ်းခဲ့ပါတယ်။ဒါအပြင် “နိုင်လူလို့ လူမသိခင်တုန်းက အခက်အခဲတွေကြုံတွေရမယ် မနက် ၁၀ နာရီစတယ်ဆိုပေမဲ့ ၆ နာရီလောက်ကတည်းကအစောကြီးထပြီးရိုက်ကွင်းကိုသွားရတယ်။မနက်စာကိုလဲသူများတွေအားလုံးစားပြီးမှစားရတယ်”လို့ပြောပြပါတယ်။

ထိုအပြင် “အပြင်ကိုလမ်းလျှောက်ထွက်တဲ့အခါ ပရိတ်သတ်တွေက လူယုတ်မာကောင်၊ကြာကူလီကောင်၊မဒိန်းကောင် ဆိုပြီးဆဲ့ကြတယ်ဗျာ။လူတစ်ယောက်က ကိုယ့်ကိုကြည့်လိုက်ရင်ကိုက မေတ္တာနဲ့ပဲ ပြံုးပြတယ်။လ္ဘက်ရည်ဆိုင်ထိုင်ပြီဆိုလဲ ဟေ့ကောင်၊စောက်ရူးစောက်ပေါ လို့ လှမ်းပြောတာတွေဖြစ်ဖူးပါတယ်” လို့ပြောပါတယ်။သရုပ်ဆောင်နိုင်လူဟာ အပြင်မှာတင်မဟုတ်ပါဘူး ဇာတ်ကားထဲမှာလဲ ကြမ်းကြမ်းတမ်းတမ်းတွေသရုပ်ဆောင်ရတာကြောင့် “ခေါင်းကွဲလို့ရှစ်ချက်လောက်ချုပ်ရဖူးတယ်။လက်ထဲကိုဓါးမြောင်ဝင်ဖူးတယ်။နံရိုးကြိုးလို့အိပ်ယာထဲမှာလေးလလောက် လှဲနေခဲ့ရဖူးတယ်၊ဒူးဆစ်ပြုတ်ဖူးတယ်၊ခြေဖမိုးကျိုးဖူးတယ်”လို့လဲ လူကြမ်းတွေရဲ့စွန့်စားရပုံကို ပြောပြထားပါတယ်။သရုပ်ဆောင်ဘဝမှာတော့ လူမုန်းအောင်လုပ်ရခြင်းဟာ သူ့ရဲ့ဝမ်းစာတစ်ခုလိုပါပဲ။ဒါပေမဲ့လဲ လူကြမ်းတွေဟာ ရှပ်ရှင်ထဲမှာကြမ်းတမ်းပေမဲ့ အပြင်မှာတော့ စိတ်ထားကောင်းသူတွေပါ။

သတင်းအရစ်အမြစ် - Naing Lu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။