ဘာမြူဒါ တြိဂံ

ဘာမြူဒါ တြိဂံ နေရာမှာ နှစ်စဉ် လှေအစင်း နှစ်ဆယ် နဲ့ လေယာဉ်လေးစင်း လောက် အမြဲပျောက်လေ့ရှိပါတယ်။ သန္တာကျောက်တန်းများ ပေါကြွယ်ဝတဲ့ ဒေသဖြစ်ပြီး ခရီးသွားသူ တွေ အနေနဲ့ ရေငုပ် ခြင်းတွေပြုလုပ်နိုင်ပါတယ်။ အဲ့ဒီ့မှာ သဘောင်္ပျက်တွေကို လည်းတွေ့နိုင်ပါတယ်။ အပျော်စီး သဘောင်္ပျက်တွေကို လည်း ရေငုပ်ပြီးကြည့်ရှုနိုင်ပါသေးတယ်။ ကျွန်းပေါ်မှာ ဆိုရင်လည်း ဘာမြူဒါ သမိုင်းပြတိုက်ရှိပြီး ၀င်ရောက်လေ့လာနိုင်ပါတယ်။

အီစတာကျွန်း၊ ချီလီနိုင်ငံ

အီစတာ ကျွန်းပေါ်မှာ အနည်းဆုံး ကျောက်တုံးရုပ်တုပေါင်း ၉၀၀ လောက်ရှိပါတယ်။ အဲ့ဒီ့ ရုပ်တုတွေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ အနေနဲ့ အဖြေရှာ မရသေးပါဘူး။ ဘာလို့ ကျွန်းပေါ်မှှာနေတဲ့ ရှေးခေတ်လူသားတွေဟာ ဒီ ၃၃ပေလောက်မြင့် တဲ့ ကျောက်တုံးရုပ်တွေကို တည်ဆောက်ခဲ့ကြတာလဲဆိုတာ အဖြေထုတ်နေရဆဲပါ။

မက်ချူးပစ်ချူး၊ ပီရူးနိုင်ငံ (MACHU PICCHU, PERU)

Peruvian Andes ဒေသ တောင်တန်းဒေသမှာ ရှိတဲ့ ရှေးဟောင်း အဆောက်အဦ တစ်ခုပဲဖြစ်ပါတယ်။ အလွန်ကြီးမားတဲ့ ကျောက်တုံးကြီး များနဲ့ ဒီရဲတိုက်ကို တည်ဆောက်ထားပါတယ်။ ကျောက်တုံးပေါင်း အတုံး ၂၀၀ လောက်ကို ကျစ်လစ်သိပ်သည်းစွာ တည်ဆောက်ထားပုံ ဟာတကယ့်ကိုအံ့မခန်းပါပဲ။ ၁၅ ရာစုတုန်းက တည်ဆောက်ခဲ့တာဖြစ်ပဲ ဖြစ်ပါတယ်။

နက်စ်ကာလိုင်း၊ ပီရူးနိုင်ငံ (NAZCA LINES, PERU)

ဘာဖြစ်လို့ ရှေးခေတ်လူသား တွေဟာ လေထဲကနေ ကြည့်မှသာ မြင်ရတဲ့ ဒီနက်စ်ကာလိုင်း တွေကို ရေးဆွဲ ခဲ့ကတယ်ဆိုတာ မေးခွန်းထုတ်နေကြဆဲပါ။ ဒီထူးခြားဆန်းကြယ်တဲ့ လိုင်းတွေအကြောင်း ဟာယခုထက်တိုင် မဖြေရှင်းနိုင်သေးပါဘူး။ လေယာဉ်ခရီးစဉ် နဲ့ အဲ့ဒီ့ဒေသ က ထူးခြားတဲ့ နက်စ်ကာလိုင်း တွေကို ဝေဟင်ကနေကြည့်ရှုနိုင်ပါတယ်။

YONAGUNI MONUMENT, JAPAN

ဒီ အထိမ်းအမှတ် အဆောက်အဦ ဟာဂျပန်နိုင်ငံ မှာတည်ရှိတာပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အနောက်ပိုင်းစွန်း ကျွန်း နားက ရေအောက်မှာ အဲ့ဒီ့ Yonaguni လို့ အမည်ရတဲ့ အဆောက်အဦ တည်ရှိပါတယ်။ ရှေးဟောင်း လူ့ယဉ်ကျေးမှု တစ်ရပ်ကို ကိုယ်စားပြုတဲ့ ထို အဆောက်အဦကို ၁၉၈၀ ခုနှစ်မှသာ ရှာတွေ့ခဲ့တာပါ။ နှစ်ပေါင်း ၁၀၀၀၀ လောက်သက်တမ်းရှိပါပြီ။ ကမ္ဘာ့သက်တမ်း အကြာဆုံး လူလုပ် အဆောက်အဦလည်းဖြစ်ပါတယ်။

Source: msn news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။