မကြာခင် ဆောင်းဟေဂိုနဲ့လက်ထပ်တော့မယ့် သတို့သားလောင်း ဆောင်းဂျွန်ကီ ဟာ လက်ထပ်ပွဲမှာသာ အာရုံစိုက်ချင်တဲ့အတွက် ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ ဆောင်းဂျွန်ကီဟာ Netflix ဒရမ်မာ Kingdom အပါအဝင် project တော်တော်များများကို ငြင်းပယ်လိုက်ပြီး ဇနီးလောင်း ဆောင်းဟေဂိုနဲ့ လက်ထက်ပွဲကို အာရုံစိုက်ချင်တယ်လို့ သိရပါတယ်။

သူရဲ့ အေဂျင်စီဖြစ်တဲ့ Blossom Entertainment က အခုလို သတင်းထုတ်ပြန်ထားပါတယ်။ “ဆောင်းဂျွန်ကီဟာ Kingdom ကို ငြင်းပယ်ဖို့ နောက်ဆုံး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ သူရဲ့နောက် ရိုက်ကူးမှုအတွက်ဘာကိုမှ အတည် မပြုရသေးပါဘူး” ဟု ပြောကြားထားပါတယ်။ Kingdom ဇာတ်ကားကို (၂၀၁၈)ခုနှစ် ဒုတိယနှစ်ဝက်လောက်မှာ ဖြန့်ချီမှာ ဖြစ်ပြီး နှုန်းပြည့်ရိုက်ကူးပြီးမှသာ ထုတ်လွှင့်မှာဖြစ်တယ်လို့ သိရပါတယ်

Kingdom ဒရမ်မာဇာတ်လမ်းဟာ Single ဇာတ်လမ်းတွဲ စာရေးဆရာမ Kim Eun Hee ရေးသားပုံဖော်ထားတဲ့ ဒရမ်မာ ဖြစ်ပါတယ်။ ဒရမ်မာရိုက်ကူးရေး သတင်းတစ်ခုက “ကျွန်တော်တို့ ပါဝင်မယ့် သရုပ်ဆောင်တွေကို ရွေးချယ်ပြီးတာနဲ့ ရိုက်ကူးရေးကို စတင်မှာဖြစ်ပြီး အရင်ဆုံးတော့ စက်တင်ဘာလထဲမှာ ရိုက်ကူးရေးကို စတင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရည်အသွေးကို မြှင့်တင်တဲ့ လုပ်ငန်းစဉ်အတွက် အောက်တိုဘာလမှာတော့ စတင်မှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။