လျှို့ဝှက် အမေရိကန် လေတပ်စခန်းတစ်ခု မှာ ဂြိုလ်သား အလောင်းနဲ့ အသက်ရှင်နေတဲ့ ဂြိုလ်သား တွေကို မြေအောက် လှိုင်ခေါင်းတွေမှာ သိ်မ်းဆည်းထားပါတယ် လို့ အဲ့ဒီ့မှာ အနှစ် လေးဆယ် နီးပါး အလုပ်လုပ်ခဲ့တဲ့ အင်ဂျင်နီယာ တစ်ဦးက အခိုင်အမာ ပြောဆိုပါတယ်။

ရော့စ်ဝဲလ် လို့လူသိများတဲ့ ဂြိုလ်သား နဲ့ တွေ့တဲ့ အဖြစ်အပျက်တစ်ခုလည်းဖြစ်ပျက်ခဲ့ပါသေးတယ်။ ၁၉၄၇ ဂျူလိုင်မှာ အမေရိကန် ရဲအရာရှိ Jess Slaughter နဲ့ Charles Fogus တို့ဟာ လေယာဉ်ပျက်ကျတယ် လို့သတင်းရတဲ့နေရာကိုသွားရောက်ခဲ့ ကြပါတယ်။ အဲ့ဒီ့မှာ လေယာဉ်ပျက်မဟုတ် ဘဲ UFO ပန်းကန်ပြားပျံ ဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။

အမေရိကန် စစ်တပ် ကတော့ ထို ကိစ္စ တွေကို ပြည်သူလူထု မသိအောင် လျှို့ဝှက် ထားတာပါ။ အဆိုပါ အင်ဂျင်နီယာကတော့ သူထုတ်ဝေတဲ့ စာအုပ်မှာ UFO ပန်းကန်ပြားပျံ နဲ့ဆိုင်တဲ့ အစိုးရလျှို့ဝှက်ထား တဲ့ အချက်တွေကို ဖွင့်ချထားပါတယ်။ အဲ့ဒီ့ စာအုပ်မှာ ဂြိုလ်သား အလောင်းတွေ၊ ပန်းကန်ပြား ပျံတွေ အကြောင်း ရေးသားထားပါတယ်။

Source: The Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။