ရုရှား သမ္မတ ဗလာဒီမာ ပူတင် က အမေရိကန် နိုင်ငံ နဲ့ ဆက်ဆံရေး ကဏ္ဍသစ် ဖွင့်လှစ်ဖို့ အဆိုပြုလိုက်ပါတယ်။ April လမှာ နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေကို မော်စကို ရဲ့ ယူကရိန်းနဲ့ ဆီးရီးယား မှာ စစ်ရေး အရ ၀င်ရောက်စွက်ဖက် တာတွေ မလုပ်ခင်က အခြေအနေကိုပြန်လည်ထိန်းသိမ်းဖို့ ခြေလှမ်းလည်းဖြစ်ပါတယ်။

April လကနေစပြီး ရုရှား ရဲ့ နည်းပညာဆိုင်ရာ အရာရှိဖြစ်သူ Andrey Krutskikh က သတင်းအချက်အလက် နည်းပညာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်မှ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံဆွေးနွေးမှာ ပဲဖြစ်ပါတယ်။ တစ်လအကြာမှာတော့ ရုရှား နဲ့ အမေရိကန် နှစ်နိုင်ငံ တို့ဟာ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေဖြစ်တဲ့ အီရန်နိုင်ငံ ရဲ့ အနုမြူစီမံကိန်း၊ ယူကရိန်း၊ အာဖဂန်နစ္စတန် နဲ့ မြောက်ကိုရီးယား ကိစ္စတွေကိုဆွေးနွေးကြမှာပဲ ဖြစ်ပါတယ်။

နည်းပညာ လုံခြံုရေးဆိုင်ရာ နှစ်ဖက် တာဝန်ရှိသူတွေ တွေ့ဆုံအပြီး မှာတော့ အမေရိကန် သမ္မတ ထရမ့် နဲ့ ရုရှားသမ္မတ ပူတင် တို့ တွေ့ဆုံဆွေးနွေးကြမယ်လို့ သတင်းတွေအရ သိရပါတယ်။ အဲ့ဒီ့ဆွေးနွေးပွဲမှာ အမေရိကန်ဘက်မှ ဗဟိုထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ၊ အက်ဖ်ဘီအိုင် နဲ့ ပင်တဂွန် မှတာဝန် ရှိသူတွေ ပါ၀င်ကြမှာပါ။

၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံ ရဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားနိုင်ငံတွင်း သွတ်သွင်း ခဲ့ခြင်း၊ ဆီးရီးယား အာဆတ် အစိုးရ အပေါ် ပူတင် ရဲ့ ထောက်ခံပေးခြင်းတို့ ကြောင့် မော်စကို နဲ့ ၀ါရှင်တန်ကြား မှာ ဆက်ဆံရေး အေးခဲသွားစေခဲ့ပါတယ်။

Source: msn news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။