ရာသီဥတုကြောင့်သော်လည်းကောင်း စိတ်ဖိစီးမှုများကြောင့်သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ခေါင်းတစ်ခြမ်းကိုက်တာ ဒါမှမဟုတ် ခေါင်းအရမ်းကိုက်တာမျိုးတွေဖြစ်တက်ပါတယ်။ဒီလိုခေါင်းကိုက်ဝေဒနာဖြစ်ပေါ်လာရင်လည်း အတော်ခံရခက်ပါတယ်။ဒါကြောင့် ခေါင်းကိုက်တက်သူတွေအတွက် ရောဂါပျောက်ကင်းစေမယ့် ဘဘဝနည်းလမ်းလေးတစ်ခုကိုပြောပြခဲ့ပရစေ။ 

ဒီနည်းလမ်းလေးကလည်း အကုန်အကျသက်သာတယ့်အိမ်တွင်းကုနည်းလေးဖြစ်ပါတယ်။ဆေးနည်းလေးကတော့ ဖျော်ရည်လုပ်နည်းလေးပါ။ဒီဖျော်ရည်လေးကိုသောက်သုံးပေးခြင်းဖြင့်ခေါင်းကိုက်နဲ့ ပျို့အန်တာတွေကို ပျောက်ကင်းစေမှာပါ။အမှန်တော့ ခေါင်းကိုက်တာရဲ့ အခြေခံအကြောင်းတရားက စိတ်ဖိစီးမှုကြောင့်ပါ။ ဒါပေမယ့် တခြားအကြောင်းအရင်းတွေဖြစ်တဲ့ ကိုယ်ခန္ဓာအနေအထား နေထိုင်မှုမမှန်တာ၊ အစားအသောက်၊ စိတ်ပိုင်းဆိုင်ရာ တင်းကျပ်မှုတွေနဲ့ ပတ်ဝန်းကျင်က အဆိပ်အသောက် အနံ့အသက်တွေကြောင့် ဖြစ်တတ်ပါတယ်။

ဒီလိုဖြစ်လာရင်ဆေးဆိုင်သွားစရာမလိုဘဲ သဘာဝကုနည်းလေးကတော့

ပါဝင်တယ့်ပစ္စည့်လေးတွေကတော့

၁။တရုတ်နံနံရိုး ၅ ချောင်း

၂။သံပုရာသီး ၁လုံး

၃။သခွားသီး ၁ လုံး

၄။အစိမ်းရောင် အရွက် ၃ ခွက်သို့မဟုတ် ၄ခွက်စာ (ဥပမာ – ဟင်းနုနွယ်ရွက်)

၅။ဂျင်း (၂ လက်မ)

၆။ရှမ်းနံနံပင် တစ်ခွက်

၇။ပန်းသီး ၂ လုံး  

ပြုလုပ်ပုံကတော့

ပါဝင်ပစ္စည်း အားလုံးကို ဖျော်စက်ထဲထည့်ဖျော်ပြီး သောက်သုံးနိုင်ပါတယ်။ ဖျော်ဖျော်ပြီးချင်းသောက်ပါက အာနိသင် ပိုရှိပါတယ်။

ဒီဖျော်ရည်မှာ ခေါင်းကိုက်တာကို သက်သာပျောက်ကင်းအောင် လုပ်ဆောင်ပေးနိုင်တဲ့ ကယ်ဆီယမ်ဓာတ်နဲ့ မဂ္ဂနီဆီယမ် ဓာတ်တွေ အများကြီးပါဝင်ပါတယ်။

ဖျော်ရည်ထဲမှာပါဝင် ဓာတ်တွေက သွေးအတွင်း စီးဝင်သွားတာကြောင့် ခေါင်းကိုက်တာကို မြန်မြန်ဆန်ဆန် သက်သာပျောက်ကင်းနိုင်ဖို့ ကူညီပါတယ်။ ၁ မိနစ်အတွင်း ထူးခြားလာတာကိုတွေ့ရပါလိမ့်မယ်။

ကျန်းမာသောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ...........

သတင်းအရင်းအမြစ်-My food

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။