အနုပညာရှင်များ

“ပရိသတ်တွေကို အပျော်တွေပဲ ပေးချင်တယ်ဆိုတဲ့ မိစန္ဒီ”

Nyein လွန်ခဲ့သော ၂ လ က

ပရိသတ် အချစ်တော် အဆိုတော်မလေး မိစန္ဒီက သူမရဲ့ ချစ်ပရိသတ်တွေကို အပျော်တွေပဲ ပေးချင်တယ်လို့ ဆိုပါတယ်။ တောင်ကြီး Cherry FM ပွဲအတွက် အကတိုက်နေတာဖြစ်ပြီး ပရိသတ်ကို အပျော်တွေပဲ ပေးချင်လို့ အလွမ်းသီချင်းတွေကို မဆိုဘူးလို့ ဆိုပါတယ်။ သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလိုပဲ ရေးသားထားပါတယ်။

“သိုင်းကျမ်းတွေ အိမ်တွင်းအောင်းပြီး ကျင့်ထားတယ်။ စတာ… အကတိုက်နေတာ..

တောင်ကြီး Cherry FM ပွဲအတွက် မြူးမယ်၊ ကမယ်၊ ခုန်မယ်.. အလွမ်းသီချင်း တစ်ပုဒ်မှ မဆိုတော့ဘူး.. ဒီတစ်ခါ ပရိသတ်ကြီးကို အပျော်တွေပဲ ပေးချင်လို့” ရေးသားထားပါတယ်။ တောင်ကြီး Cherry FM ပွဲကတော့ လာမယ့်စက်တင်ဘာ(၁၅)ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မထွက်ရှိသေးတဲ့ သူမရဲ့ “အသဲလေး” စီးရီးအခွေအတွက် MTV များကို ရိုက်ကူးနေပြီး (၂၀၁၈)ခုနှစ်မှာ ထွက်ရှိမယ်လို့ သိရပါတယ်။ သူမက သီချင်းရေးရာမှာ အထောက်အကူဖြစ်စေနဲ့ ပရိသတ်တွေကိုကိုယ်တိုင် တီးပြီး ဆိုပြဖို့အတွက် ကီးဘုတ်၊ ပီယာနို နဲ့ ဂစ်တာတီးတာတွေကို သေသေချာချာ သင်ယူလေ့လာနေတယ်လို့လည်း သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။