မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်း နဲ့ အေပိုလ်းအသင်းတို့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ၃ ဂိုး ၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။စီရော်နယ်ဒိုပြန်လည်ပါဝင်လာခဲ့ပြီး ဘင်ဇီမာကို အနားပေးခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်း ရဲ့တိုက်စစ်ဟာ သိသိသာသာအားကောင်းခဲ့တာလည်းဖြစ်ပါတယ်။ယခုနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ အုပ်စု အဆင့် ၁ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ စီရော်နယ်ဒို ၊ဂါရတ်ဘေလ်း ၊အစ္စကို ၊ကိုဗာဆစ် ၊ကတ်မဲရိုး၊ မိုဒရစ်တို့ကို ထည့်သွင်းအသုံးပြုခဲ့တာကိုလည်းတွေ့ရပါတယ်။အေပိုလ်းအသင်းကတော့ ပွဲထွက်လူစာရင်းမှာ ဒီကာမာဂို ၊အီဗီစီလီယို ၊အလွန်ဖစ်၊ ဆယ်လိုင် ၊ ဗီနီစီယက် ၊ နူနို မိုအာရက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ဖိအားပေးတိုက်စစ်ဆင်မှုကို အေပိုလ်းအသင်း တောင့်ခံနိုင်စွမ်းမရှိခဲ့ပါဘူး။

ရီးရဲလ်မက်ဒရစ်အသင်းအတွက်အဖွင့်ဂိုးကိုတော့ ၁၂ မိနစ်မှာ ဂါရတ်ဘေလ်းရဲ့ ဖန်တီးပေးမှုကနေ စီရော်နယ်ဒိုကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယဂိုးကိုလည်း ၅၁ မိနစ်မှာ စီရော်နယ်ဒို က ပယ်နယ်တီကနေကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းအတွက်နောက်ဆုံးဂိုးကိုတော့ ၆၁ မိနစ်မှာ ရာမို့စ်က နောက်ပြန်ကန်ချက်နဲ့ လှလှပပ ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။