ဘယ်သူ့ကိုအကြိုက်ဆုံးလဲ

မြန်မာဘောလုံးပရိသတ်ကြီးရဲ့အသဲကျော်

ဘောလုံးအသင်းသုံးသင်းရှိပါတယ်။

အဲ့ဒီအသင်းတွေကတော့မြန်မာ့လက်ရွေးစင်အသင်းကြီး၊

ဆီးဂိမ်းပြိုင်ပွဲဝင်မြန်မာယူ-22အသင်း၊AFF U-18ပြိုင်ပွဲ

ဝင်ရောက်ယှဉ်ပြိုင်နေတဲ့မြန်မာယူ-18အသင်းတို့ဖြစ်ပါတယ်။

အခုပြောပြမှာကအဲ့ဒီအသင်းသုံးသင်းရဲ့

အသင်းခေါင်းဆောင်သုံးယောက်ပါ။ သူတို့ကတော့

နေရှင်နယ်အသင်းကြီးရဲ့အသင်းခေါင်းဆောင်

ရန်အောင်ကျော်၊ယူ-22အသင်းခေါင်းဆောင် စည်သူအောင်နဲ့

ယူ-18အသင်းခေါင်းဆောင်စိုးမိုးကျော်တို့ပါပဲ။

သုံးယောက်စလုံးဟာအသင်းအပေါ်သြဇာလွှမ်းမိုးနိုင်ပြီး

ခြေစွမ်းထက်မြက်သူတွေပါ။ဒါပေမယ့်ကျွန်တော်တို့

ရွှေးချယ်ကြည့်ကြရအောင်ပါ။ရန်အောင်ကျော်ဟာ

ရန်ကုန်ယူနိုက်တက်ရဲ့ကွင်းလယ်လူတစ်ယောက်

ဖြစ်ပြီးနိုင်ငံတကာမှာသူ့ကိုCaptain Iceလို့အသိများကြပါတယ်။ကွင်းလယ်ခံစစ်

နေရာမှာကစားတဲ့သူမပါရင်မြန်မာအလယ်တန်းပြိုဆင်း

သွားလောက်အောင်ကိုပဲသူကအရေးပါပါတယ်။

စည်သူအောင်ကတော့ရတနာပုံအသင်းရဲ့တောင်ပံကစား

သမားတစ်ဦးဖြစ်ပြီးဆီးဂိမ်းပြိုင်ပွဲဝင်မြန်မာအသင်းဦးဆောင်

ခဲ့သူပါ။စိတ်ဆတ်တဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့်

အသင်းခေါင်းဆောင်ဖြစ်လာတဲ့အခါမှာတော့

သူ့ရဲ့အမူအကျင့်တွေကိုပြုပြင်ခဲ့ပြီးဆီးဂိမ်းအသင်းကို

အကောင်းဆုံးဦးဆောင်မှုပေးခဲ့ပါတယ်။စိုးမိုးကျော်

ကတော့မြန်မာပြည်သူတွေအတွက်နောက်ဆုံး

သူရဲကောင်းတစ်ယောက်ဖြစ်ပြီးဗီယက်နမ်အသင်း

ကိုအနိုင်ယူခဲ့တဲ့သမိုင်းဝင်အောင်ပွဲမှာသူဟာ

အခရာကျခဲ့ပါတယ်။ပွဲအပြီးရှုံးနိမ့်သွားတဲ့ဗီယက်နမ်အသင်း

သားတွေကိုလိုက်လံနှစ်သိမ့်ပေးနေတဲ့သူ့ရဲ့ပုံရိပ်တွေဟာလည်းနိုင်ငံတကာမီဒီယာတွေမှာချီးကျုးဖော်ပြခံခဲ့ရပါတယ်။

ကဲပရိသတ်ကြီးရေဘယ်သူ့ကိုအကြိုက်ဆုံးလဲ... 

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။