"ချစ်သူဆိုတာ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိသင့်တယ်" ဆိုတဲ့ အောင်ရဲလင်း

ယခုနောက်ပိုင်းမှာ ပရိသတ်အားပေးလက်ခံလာပြီး နာမည်ရလာတဲ့ မင်းသားကတော့ အောင်ရဲလင်း ဖြစ်ပါတယ်။ မင်းသားအောင်ရဲလင်းဟာ လက်ရှိမှာတော့ နာမည်ရထိပ်တန်းမင်းသားတစ်လက်အဖြစ်ရပ်တည်နေပြီး ဗီဒီယို နှင့် ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးထွက်ရှိထားပြီးဖြစ်ပါတယ်။ ယခုနှစ် အကယ်ဒမီရာသီအတွက်လည်း ၄င်းပါဝင်သရုပ်ဆောင်ထားတဲ့ ချစ်လှစွာသော အမုန်း ဇာတ်ကားဟာ ရေပန်းစားလျက်ရှိနေပြီး အောင်ရဲလင်း လည်းအကယ်ဒမီ ရနိုင်ဖွယ်ရှိတယ်ဆိုပြီး ခန့်မှန်းပြောဆိုနေကြတာတွေ တွေ့ရပါတယ်။

ပေါ်ကာစနဲ့မတူအောင် သူ့ရဲ့ ပုံစံအားလုံးကို ပြောင်းလဲဖြစ်ခဲ့ပြီး သရုပ်ဆောင်စွမ်းရည် တိုးတက်လာတာကိုလည်း ပရိသတ်ကြီး အသိပဲဖြစ်မှာပါ။ သူ့ရဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်အသွင်အပြင်တွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးထောက်ခံမှုကိုလည်း အပြည့်အဝရရှိထားသူဖြစ်ပါတယ်။ ပရိသတ်တွေကြား သူ့ရဲ့ အချစ်ရေးဟာလည်း အတော်လေး ရေပန်းစားနေတာတွေ့ရပါတယ်။

အောင်ရဲလင်းက သူ့အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့ "အချစ်ရေးကတော့အေးအေးဆေးဆေးပါပဲ။ ဘယ်အရာမှ ကိုယ့်စိတ်တိုင်းကျ လုပ်ယူလို့မရဘူး။ ကျွန်တော်ဘယ်လောက်ပဲ ဖြစ်ချင်ဖြစ်ချင် ဖြစ်မလာတာတွေလည်း ရှိတယ်။ ဘယ်လောက်ပဲမဖြစ်ချင် မဖြစ်ချင် ဖြစ်လာတာတွေလည်းရှိတယ်။ ဆိုတော့ စကားအကုန်မပြောချင်ဘူး။ ဒါကြောင့်အချစ်ရေးနဲ့ ပတ်သတ်ပြီး အများကြီး မပြောချင်ဘူး။ ဒါပေမဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီးတော့ အဆင်ပြေပါတယ်။ အချစ်မှာတစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတော့ ရှိဖို့လိုတယ်။ ကျွန်တော့်လည်း သူ့ကိုချစ်တယ် သူလည်း ကျွန်တော်ကို့ချစ်တယ် ဆိုပြီးပြီ။ ကျန်တာတွေ သိပ်မလိုပါဘူး" ဆိုပြီး ပြောပြသွားခဲ့ပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေပဲ ဆက်တိုက်လုပ်ဆောင်သွားမယ်လို့ပြောတာဟာ အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောသွားတာလား ဆိုတာတော့ စဉ်းစာစရာပဲနော် ပရိသတ်ကြီးရေ…………

Source: Cele Talk

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။