ယခုအဖြစ်အပျက်ကတော့ တော်တော်လေးစိတ်ပျက်စရာကောင်းပါတယ်။ရဟန်းတော်တစ်ပါးအားမြန်မာနှင့် ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်း အတင်းဓမ္မ ပြောခိုင်းပြီး ဗီဒီယိုရိုက်ကာ လူမှုစာမျက်နှာပေါ် တင်ခဲ့ကြတယ်လို့သိရပါတယ်။ထိုဖြစ်ရပ်ဖြစ်ပေါ်အောင်ပြုလုပ်ခဲ့သူ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသား သုံးဦးဖမ်းဆီးခံရတယ်လို့လည်းသိရပါတယ်။

အိန္ဒိယမှ မိမိနေရပ် စစ်တကောင်းမြို့သို့ ပြန်လာသည့် ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးအား အတင်းအဓမ္မ အကျပ်ကိုင်ကာ မြန်မာနိုင်ငံနှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်တိုက်ခိုက်သည့် စကားများ ပြောခိုင်းပြီး ဗီဒီယိုရိုက်ကာ လူမှုစာမျက်နာပေါ် တင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ယခုလိုပြုလုပ်ခဲ့သူဖြစ်တယ့် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား သုံးဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း BDNEWS 24 COM တွင် သတင်းဖော်ပြခဲ့ပါတယ်။ဖမ်းဆီးခံရသူများမှာ ရီယာဇူအစ္စလာမ် မန်ဒဲလ်၊ အာမိန်ဟူစိန်နှင့် တော်ဖိ အာမတ်တို့ဖြစ်တယ်လို့သိရပါတယ်။

၎င်းတို့သုံးဦးသည် အိန္ဒိယနိုင်ငံမှ မိမိနေရပ် စစ်တကောင်းသို့ ပြန်လာသူ ရဟန်းတော် တစ်ပါးအား လွန်ခဲ့သည့် အင်္ဂါနေ့က ဘင်္ဂလာဒေ့ရှ်နိုင်ငံ Jessore ခရိုင် ဘန်နာပိုတွင် အတင်း ရပ်တန့်ခိုင်းပြီး အတင်း ဓမ္မ ကားတစ်စီးထဲသို့ သွင်းကာ သူတို့ညွှန်ကြားသည့် အတိုင်း လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှ ရဟန်းတော်များနှင့် ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက် ဆန့်ကျင်သည့် စကားများ ပြောကြားရန် စေခိုင်းပြီး ဗီဒီယိုရိုက်ယူခဲ့သည်ဟု ရဲက ဆိုပါတယ်။ 

သတင်းအရင်းအမြစ်-Yawthama 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။