သူငယ်ချင်း ပျောက်လို့ လိုက်ရှာရာက သူ့အိမ်အနောက်ဘက်် ခြံထဲရောက်နေတဲ့ မြွေဗိုက် ထဲကနေ ပြန်တွေ့ခဲ့

ရွာသားတွေ အနေနဲ့ သူတို့ ရွာသား သူငယ်ချင်းကို လိုက်ရှာရင်း တွေ့လိုက်ရတဲ့ အဖြစ်အပျက် ကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။ အဲ့ဒါကတော့ သူတို့ ရဲ့ သူငယ်ချင်းကို ရ မီတာရှည်တဲ့ စပါးကြီးမြွေကြီးကမြိုထားခဲ့တာဖြစ်ပြီး မြွေကြီးရဲ့ ၀မ်းဗိုက်ကနေ ပြန်လည် တွေ့ရှိခဲ့ရလို့ပါ။ မြွေကြီးကို မသင်္ကာတာကြောင့် မြွေကြီးရဲ့ ဗိုက်ကို ခွဲကြည့်လိုက်တဲ့ အချိန်မှာတော့ သူတို့ သူငယ်ချင်းကို ဘွတ်ဖိနပ်တွေ စီးရက်သား၊ ဘောင်းဘီတို နဲ့ တီရှပ် ၀တ်ဆင်ထား လျက်သား ပြန်လည်တွေ့ရှိခဲ့ရတာပါ။

သူ့အိမ်နောက်ဖေး ခြံထဲမှာ တွေ့ရှိရတဲ့ အဲ့ဒီ့မြွေကြီး ရဲ့ ၀မ်းဗိုက်ကို ၁၈ လက်မ ရှိတဲ့ ဓားနဲ့ ခွဲခဲ့ရပါတယ်။ အဲ့ဒီ့ ပျောက်ဆုံးသွားတဲ့ ရွာသားဟာ အသက် ၂၅ နှစ်ရှိပြီ ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝါစီ (Sulawesi) ကျွန်းရဲ့အနောက်ဘက် မှာနေထိုင်ပါတယ်။ သူဟာ တနင်္ဂနွေနေ့ ညက ကောက်ရိတ်သိမ်းဖို့ အသွား ပျောက်သွားခဲ့တာပါ။ သူ အိမ်ကိုပြန်မလာတော့မှ သူ့ သူငယ်ချင်းတွေ နဲ့ ဆွေမျိုးတွေက နောက်နေ့ ညနေ မှာလိုက်ရှာ ခဲ့ကြပါတယ်။ 

သူ့ရဲ့ ဇနီးကတော့ အပြင်သွားနေ တာကြောင့် အဲ့ဒီ့အဖြစ်အပျက်ကို သတင်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ထွက်လာမှပဲ သူ့ယောကျာင်္း သေဆုံးသွားပြီဆိုတာကို သိရတာပါ။ ရွာမှာနေထိုင်သူ တချို့ကတော့ အော်သံတချို့ကြားခဲ့ရတယ်လို့ဆိုပါတယ်။ မြွေကြီးကိုဖမ်းမိပြီး ဗိုက်ကိုခွဲကြည့်တော့ သူစီးတဲ့ ဘွတ်ဖိနပ်ကို အရင်ဆုံးစတွေ့ခဲ့ရပါတယ်။ ရွာသားတွေ အနေနဲ့ သူ့ကိုကယ်တင်ဖို့ ကြိုးစားခဲ့ကြပေမယ့် သူ့ကို မြွေကြီးဗိုက်ထဲက ဆွဲထုတ်အပြီးမှာ တော့ အသက်မရှိတော့ပါဘူး။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။