မိန်းကလေးအတွက် ကိုယ်နဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းနီရောင်ကို ရွေးချယ်နိုင်တယ် ဆိုတာကလည်း အလှအပနဲ့ ပတ်သက်တဲ့ ပညာရပ် တစ်ခုပါပဲ။ အလှအပနဲ့ ဖက်ရှင်ဆိုတာက မိန်းကလေးတွေ အတွက် မရှိမဖြစ် ပညာရပ် တစ်ခုပါပဲ။ ဒါ့ကြောင့် မိန်းကလေးအတွက် လှသထက် လှစေဖို့ကို ရည်ရွယ်ပြီး ဒီအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

နှုတ်ခမ်းနီရွေးချယ်နည်း ပုံစံ

- အသားရောင်လိုမျိုး နှုတ်ခမ်းနီရောင်ကို ရွေးချယ်သင့်တဲ့အချိန်

ဒါကတော့ ရိုးရှင်းပါတယ်။ Eye Shawdow ကို အများကြီး သုံးထားပြီး Smoky Eyes လို ပုံစံမျိုး ပြင်ဆင်ထားပြီ ဆိုရင်တော့ Nute Colour ကိုပဲ ရွေးချယ်သင့်ပါတယ်။ အသားရောင်လို အရောင်မျိုး၊ နှုတ်ခမ်းသားလို အရောင်မျိုးကို Matte (နှုတ်ခမ်းနီခြောက်) ပုံစံဖြစ်စေ၊ Gloss (အဆီ) ပုံစံဖြစ်စေ အသုံးပြုနိုင်ပါတယ်။ 

- ကိုယ်နဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းနီ ရောင်ကို သိအောင် လုပ်ထားပါ။

တစ်ယေက်နဲ့ တစ်ယောက်က အသားရောင် မတူသလို နှုတ်ခမ်းသားကလည်း မတူနိုင်ပါဘူး။ ကိုယ့်သူငယ်ချင်းနဲ့ လိုက်တဲ့ နှုတ်ခမ်းနီက ကိုယ် ဆိုးလိုက်ရင် လိုက်ချင်မှ လိုက်မှာပါ။ ဒါ့ကြောင့် ဘယ်အချိန်၊ ဘယ်လို အနေအထားမျိုးမှာဖြစ်စေ ကိုယ်နဲ့ အလိုက်ဖက်ဆုံး နှုတ်ခမ်းနီရောင်ကို သိအောင် လုပ်ထားပါ။ အလွယ်တကူ အသုံးပြုနိုင်အောင် ပြင်ဆင်ထားပါ။ ဒါက သင့်အတွက် အများကြီး ကောင်းကျိုး ရှိပါလိမ့်မယ်။

- ပန်းရောင်ဆိုးဖို့လည်း မမေ့ပါနဲ့။

နှုတ်ခမ်းနီး ပန်းရောင်နုနုလေးကတော့ မိန်းကလေးတိုင်းအတွက် ရှိရင်း အသက်ထက် နုပျိုသွားစေနိုင်ပါတယ်။ ဒါကတော့ နှုတ်ခမ်းနီ အရောင်ရွေးခြင်းရဲ့ ဖြတ်လမ်းနည်း တစ်ခုပါပဲ။ ပန်းရောင်ဝတ်ထားတယ် ဆိုရင်တော့ နှုတ်ခမ်းနီရောင်ကို ပန်းဆီရောင်၊ ပန်းခရမ်းရောင်၊ ကော်ဖီရောင် ရင့်ရင့်၊ ပန်းသခွားရောင် တို့ကို ဆိုးသင့်ပါတယ်။ 

- မိမိ အသက်ကို မမေ့ပါနဲ့။

ကိုုယ်နဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီကို ရွေးချယ်တဲ့အခါမှာ အသက်အရွယ်လည်း ထည့်စဉ်းစားဖို့ လိုပါတယ်။ လက်ဆောင်ပေးဖို့ နှုတ်ခမ်းနီ သွားဝယ်တဲ့အခါ ဘယ်သူဆိုးမှာလဲ ဘယ်အသက်အရွယ်ဆိုးမှာလဲ ဆိုပြီး အရောင်းကောင်တာက ညီမလေးတွေ မေးတတ်တယ်ဆိုတာကလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ အသက်ငယ်သေးတယ်ဆိုရင်တော့ ဘယ်အရောင်ကို မဆို လိုက်ဖက်နေနိုင်ပါတယ်။ ရင့်ကျက်တဲ့ အရွယ်ရောက်ပြီ ဆိုရင်တော့ နှုတ်ခမ်းနီကို သတိထားပြီး ရွေးချယ်စေချင်ပါတယ်။

ညပွဲတွေနဲ့ သင်္ကြန်ပွဲတော်မျိုး အတွက်ဆိုရင်တော့ အုတ်ကျိုးရောင်၊ အညိုရောင် မှိုင်းမှိုင်း၊ ပန်းရောင် အပိတ် ပန်းရောင်အရင့်၊ ပန်းခရမ်းရောင် မျိုးတွေကို ရွေးချယ်ပြီး ဆိုးသင့်ပါတယ်။ ဒီအချက်လေးတွေကို သိရှိထားခြင်းဖြင့် လှပပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေ ဖြစ်ကြပါစေရှင် …..

သတင်းအရင်းအမြစ် - YouTube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။