မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂီတာဖေးအသင်းကို ဘာစီလိုနာအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာ အနိုင် ၃ မှတ်ကိုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နောက်ကျသွင်းဂိုးကြောင့် ဘာစီလိုနာအသင်း အသက်ရှုချောင်ခဲ့ရတာလည်းဖြစ်ပါတယ်။ယခုပွဲနိုင်ပွဲကြောင့် ဘာစီလိုနာအသင်းဟာ အဆင့် ၁ နေရာမှာသာ ဆက်လက်ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။

ဂီတာဖေးအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ မိုလီနာ၊ ဖာဂျာ ၊ရှီဗာစကီး ၊ အမက် ၊ အာရန်ဘာရီ၊ ဘာဂါရာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆွာရက် ၊မက်ဆီ၊ ဒမ်ဘီလီ၊ အင်နီယေစတာ၊ ရာကီတစ်၊ ဘက်စကွက် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ပုံစံအတိုင်း တစ်ဖက်သက်ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ အိမ်ရှင်အသင်းရဲ့ မာမာထန်ထန် တုံ့ပြန်မှုကြောင့် နိုင်ပွဲရရှိဖို့ ခက်ခက်ခဲခဲ ကစားခဲ့ရတာလည်းဖြစ်ပါတယ်။

ပထမပိုင်း ၃၉ မိနစ်မှာပဲ ဂီတာဖေးအသင်းအဖွင့်ဂိုးစတင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီဂိုးကိုတော့ ရှီဗာစကီးကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပွဲပြီးဆုံးတဲ့အချိန်မှာတော့ ဂီတာဖေးအသင်းက ၁ ဂိုးအသာနဲ့ ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်းပြန်စလို့ ၆၂ မိနစ်မှာပဲ ဘာစီလိုနာအသင်းအတွက် ချေပဂိုးကို ဆွာရက်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းအတွက် အနိုင်၃ မှတ်ရစေမဲ့ ဂိုးကိုတော့ လူစားဝင်ကစားသမား ပေါ်လင်ဟိုက ၈၄ မိနစ်မှာသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။