မြန်မာနိုင်ငံရဲ့ပထဝီအနေအထားအရ အုပ်ချုပ်ထောက်ပံ့မှု ခက်ခဲတဲ့ အနေအထားအရ တပ်မတော်သားတွေ ပင်ပန်းဆင်းရဲစွာနဲ့ နိုင်ငံစည်းရိုးတွေပေါ်မှာ ကာကွယ်နေကြတယ်ဆိုတာ ပြည်သူတွေကိုလဲ နားလည်စေချင်ပါတယ်။ယခုအခါဖော်ပြပေးမှာကတော့ မြန်မာတပ်မတော်ရဲ့ ကြံ့ခိုင်မှုတွေ ပင်ပန်းဆင်ရဲမှုတွေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို ပရိသတ်ဗဟုသုတရော လေးစားစရာကောင်းတယ့်အချက်တွေပါသိရှိနိုင်ဖို့ဖော်ပြပေးလိုက်ရပါတယ်။

တစ်ချိန်တုန်းက ယိုးဒယားနဲ့ နယ်စပ်တင်းမာမှုတွေ ဖြစ်တော့ ယိုးဒယားအိမ်ရှေ့မင်းသား(လက်ရှိဘုရင်)က စစ်ကြေငြာဖို့ ဘုရင်ကို ပြောပါတယ် ဘုရင်က “မင်း(၇)ရက်နဲ့ ရအောင်တိုက်နိုင်လား” မေးမြန်းခဲ့ပါတယ် (၇)ရက်နဲ့တော့ မဖြစ်နိုင်ဘူးပြောတော့ ယိုးဒယား ဘုရင်က“မင်းဘယ်လိုတိုက်မလဲမေးတော့လေတပ်နဲ့အရင်ဗုံးကျဲမယ် ပြောတော့ဘုရင်ကြီးကပြန်မေးတယ်အဲဒီလေယာဉ်တွေဘယ်ပြန်ဆင်းမှာလဲဆိုတော့ကိုယ့်ကွင်ကိုဆင်းမှာပေါ့ဆိုတော့ဘုရင်ကြီးကအဲဒီအချိန်လောက်ဆိုရင်မြန်မာတွေကသိမ်းပြီးလောက်ပြီ´´တဲ့

့ “ဒီမယ် သားတော် မြန်မာစစ်သားက စားစရာမရှိလဲ ငှက်ပျောအူစား၊ မျှစ်စားပြီး စစ်တိုက်နိုင်တယ် ရေသောက်စရာမရှိရင် ကျွဲလူးအိုင်ကရေသောက်ပြီး စစ်တိုက်နိုင်တယ် မိုးရေထဲမှာ မြေခင်းတစ်စနဲ့ အိပ်နိုင်တယ်“မင်းကောင်တွေက ချော့ကလတ် မစားရရင်တောင် ပြန်လှည့်လာကြမှာ မင်းတောင် ဒေါနတောင်တန်းကို မကျော်သေးဘူး ဟိုကကောင်တွေက ဘန်ကောက်မြို့ထဲ ရောက်နေလောက်ပြီ မမိုက်ချင်စမ်းပါနဲ့”ဟု ပြောခဲ့ဖူးတယ့်ဖြစ်ရပ်လေးပါ။ကိုယ့်မြန်မာတပ်မတော်ရဲ့ပင်ပန်းဆင်းရဲမှုတွေနဲ့ ကြံ့ခိုင်မှုတွေကတော့ တကယ့်လေးစားစရာတွေပါဗျာ......................

သတင်းအရင်းအမြစ်-မြန်မာတပ်မတော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။