အောင်သူရဲ့အရှုံးတွေရပ်တန့်မရသေး


မြန်မာတို့ရဲ့ဘောလုံးမင်းသားအောင်သူရဲ့

အရှုံးကျိန်စာဟာပျက်ပြယ်မသွားသေးပါဘူး။

ဆီးဂိမ်းပြိုင်ပွဲကနေအရှံုးတွေနဲ့နှုတ်ဆက်ခဲ့ရတဲ့

အောင်သူဟာမြန်မာနေရှင်နယ်လိဂ်မှာလည်း

ခါးသီးတဲ့အရှံုးပွဲတစ်ခုကိုရင်ဝယ်

ပိုက်လိုက်ရပြန်ပါတယ်။ရတနာပုံအသင်းဟာ

နေရှင်နယ်လိဂ်ရဲ့လက်ရှိချန်ပီယံအသင်းပါ။

ဒီနှစ်နေရှင်နယ်လိဂ်ရဲ့ပွဲစဉ်တွေဟာပြီးဆုံးဖို့

နီးကပ်လာနေပါပြီ။ဒီအချိန်မှာတန်းစီးဇယားထိပ်ဆုံးမှာ

ချန်ပီဆုအတွက်အပြိုင်ဖြစ်နေတဲ့သုံးသင်းက

ရတနာပုံ၊ရန်ကုန်နဲ့ရှမ်းအသင်းတို့ဖြစ်ပါတယ်။

ရတနာပုံအသင်းဟာဒီအပါတ်ဆောက်သမ်းမြန်မာ

ကိုမော်လမြိုင်မှာရှုံးပွဲတွေ့ခဲ့ခြင်းကချန်ပီယံလမ်းကြောင်းကနေ

သွေဖယ်သွားစေခဲ့တယ်လို့ဆိုရမှာပါ။


ရတနာပုံဟာအရင်အပါတ်ကလည်းရခိုင်အသင်းကို

အနိုင်ရခဲ့သင့်ပါရက်နဲ့သရေကျခဲ့တာကလည်း

သူ့ရဲ့နှစ်ကြိမ်ဆက်ချန်ပီယံမျှော်လင့်ချက်ကိုပိုမိုမှေးမှိန်

စေခဲ့ပါတယ်။တန်းဆင်းဇုံအထက်နားမှာရှိတဲ့ဆောက်သမ်းဟာ

အသင်းကြီးရတနာပုံကိုအိမ်ကွင်းမော်လမြိုင်မှာ2ဂိုးတစ်ဂိုး

နဲ့အနိုင်ယူပြခဲ့ပါတယ်။ရတနာပုံမှာအောင်သူ၊

လှိုင်းဘိုဘိုတို့လိုလက်ရွေးစင်ကစားသမားတွေပါဝင်လာခဲ့ပေမယ့်ပွဲပန်းနေမှုကြောင့်ထင်သလောက်မလုပ်ပြနိုင်ခဲ့ပါဘူး။

ရတနာပုံရဲ့ဒီအရှုံးကြောင့်နေရှင်နယ်လိဂ်ဖလားကြီး

မန်းတောင်ရိပ်ခိုဖို့ကတော့မျှော်လင့်ချက်နည်းသွားခဲ့ပါပြီ။

Source-MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။