ဒေးရှားဗူးမြန်မာအသင်းနဲ့ဘန်လာဘီ
ဒေရှားဗူးဆိုတာပြင်သစ်စကားလုံးဖြစ်ပါတယ်။ထပ်ခါထပ်ခါဖြစ်နေသောအဖြစ်အပျက်များလို့
မြန်မာပြန်အနက်ယူလို့ရပါတယ်။
ဘန်လာဘီကပြင်သစ်လူမျိးဖြစ်၍ဒေရှားဗူးရဲ့အဓိပ္ပါယ်ကို
နားလည်မှာပါ။ဝင်းနိုင်ထွန်းတို့မြန်မာအသင်းက
အမှားများထပ်ခါထပ်ခါကျူးလွန်တတ်သောအသင်း
(သို့)ဒေးရှားဗူးမြန်မာအသင်း။
အင်ဒိုနီးရှားကိုပထမပွဲမှာရှုံးပါတယ်။ထိုပွဲမှာမြန်မာအသင်း
အမှားများခဲ့တယ်။အပေးမှား၊အယူမှားများဒင်းကြမ်း။
ဘရူနိုင်းနဲ့ပွဲ၊ဖိလစ်ပိုင်တို့ပွဲမှာတော့မြန်မာအသင်းပြန်လာ
ပြီလို့ထင်ခဲ့ကြပါတယ်။ဗီယက်နမ်ကိုစွမ်းစွမ်းတမံ
အနိုင်ယူပြလိုက်တော့မြန်မာတို့မျှော်လင့်ချက်ဒီဂရီ
အမြင့်ဆုံးတက်သွားခဲ့ပါတယ်။
သို့သော်မလေးနဲ့ပွဲမှာထပ်ရှုံးလိုက်တယ်။ပွဲချိန်အတွင်း
ဂိုးသွင်းလို့ရပေမယ့်ဂိုးမသွင်းနိုင်ခဲ့။အမှားအယွင်းတွေကတော့
ထုံးစံအတိုင်းအများကြီးပင်။ပယ်နယ်တီရောက်တော့
ရှံုးသွားပြန်တယ်။တတိယလောက်တော့ရမှာပဲဆိုပြီး
အင်ဒိုနဲ့ပွဲကိုထပ်ကြည့်တယ်။အံ့မော်ဦးတို့ လူပေးမှားချက်များ
မြင်မကောင်းရှု ့မကောင်း။နည်းစနစ်အမှားများနဲ့အင်ဒိုကို
ခွက်ခွက်လန်အောင်ရှံုးပြန်ပါတယ်။ အမှားများမပြင်နိုင်သေး
ထပ်ခါထပ်ခါမှားနေသော De Javuမြန်မာအသင်း
လာမယ့်အာရှယူ-19ခြေစစ်ပွဲတွင်တော့အကောင်းဆုံး
ပြန်လာနိုင်ပါစေလို့...
agu
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။