နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ခြေပြမိန့်ခွန်းကို လာမည့် စက်တင်ဘာလ ၁၉ ရက်တွင် အင်္ဂလိပ်ဘာသာဖြင့် ေြာကြားမှာဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောစကားများကို မြန်မာပြည်သူများနားလည်စေရန် မြန်မာစာတန်းထိုးဖြင့် တိုက်ရိုက်ထုတ်လွှင့်နိုင်ရန် စီစဉ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာမှ သိရပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က "အတိအကျတော့ လတ်လလော မပြောနိုင်သေးဘူး။ သေချာတာကတော့ အင်္ဂလိပ်လို အရင်လွှင့်မယ်။ လွှင့်တဲ့အခါမှာ မြန်မာစာတန်းထိုးနိုင် ထိုးမယ်။ အဲဒီအချိန်မှာ မထိုးနိုင်ဘူးဆိုရင် နောက်တခါပြတဲ့အခါမှာ မြန်မာစာတန်းထိုးနဲ့ ပြပေးနိုင်အောင် လုပ်ပါမယ်။ ဒါမှမဟုတ်ရင် တခါတည်းပဲ စာတန်းထိုးနိုင်မလားဆိုတာ အခုလောလောဆယ် စီစဉ်နေတုန်းဆိုတော့ မပြောနိုင်သေးပါဘူး''ဟု

့စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က လက်ရှိ ရခိုင်ပြည်နယ် မတည်ငြိမ်မှုနှင့်ပက်သက်ပြီး ပြောကြားမည့် နိုင်ငံတော်အခြေပြမိန့်ခွန်းကို မြန်မာပြည်သူများအပါအဝင် ကမ္ဘာကလည်း အထူး စိတ်ဝင်စားလျက်ရှိပါတယ်။ဦးမျိုးမြင့်မောင်က"ကျွန်တော် တို့လုပ်နိုင်တာက ဒီမိန့်ခွန်းနဲ့အတူ စာတန်းထိုးတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း မိန့်ခွန်း ပြောတဲ့အချိန်ကျမှ ဒီမိန့်ခွန်းကို သိရတယ်ဆိုရင် စာတန်းထိုးဖို့ မဖြစ်နိုင်ဘူး။ အခုလွင့်မှာက MITV ၊ MRTV ၊ ရေဒီယို FM နဲ့ ဝက်ဆိုဒ်တွေမှာ အကုန်လုံး လွှင့်မှာ ။ နောက်ပြန်လွှင့်တဲ့အလာမှာတော့ ဖြစ်လာမှာပါ ။ဒါမှ မဟုတ်ရင်လည်း ကြိုတင်ပြီးတော့ ဘာသာပြန်ထားတာ ရရှိတယ်ဆိုရင် တခါတည်း စာတန်းထိုးတယ်ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်" ဟုပြောကြားခဲ့ပါတယ်။

သတင်းအရင်းအမြစ်-News Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။