မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ ဆက်ဆူအိုလိုအသင်းကို ဂျူဗင်တပ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ရာနူန်းပြည့်နိုင်ပွဲရရှိထားခဲ့တာဖြစ်ပြီး နာပိုလီ၊ အင်တာမီလန်အသင်းတို့နဲ့ ရမှတ်တူကာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်တိုက်စစ်မှူဒီဘာလာဟာ စီးရီးအေပွဲစဉ် ၄ ပွဲမှာ ၂ ခါမြောက် ဟတ်ထရစ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆက်ဆူအိုလိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပိုလီတာနို၊ ဖယ်စီနယ်လီ၊ မက်ဇီတယ်လီ၊ ဆန်ဇီ၊ လီရိုလာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ဒီဘာလာ၊ ကွာဒရာဒို ၊ဟီဂူအင်၊ မန်ဇူကစ်၊ ပီဂျာနစ်၊ မာတွီဒီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အိမ်ရှင် အသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်ကို ထိန်းချူပ် နိုင်ခဲ့ခြင်းမရှိပဲ ပွဲချိန်ပြည့် ဂျူဗင်တပ်အသင်းရဲ့ ကစားကွက်အောင်ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ၁၆ မိနစ်မှာ ဒီဘာလာက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းအပြီးမှာ ဂျူဗင်တပ်အသင်းက တစ်ဂိုးအသာနဲ့ ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်းစလို့ ၄၉ မိနစ်မှာ ဒီဘာလာကပဲ ဒုတိယမြောက်ဂိုးကိုသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။အိမ်ရှင်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ၅၁ မိနစ်မှာ ပိုလီတာနို က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးကိုတော့ ဒီဘာလာကပဲ သူရဲ့ ဟတ်ထရစ်ဂိုးအဖြစ် ၆၃ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။