ညအိပ်ခါနီးမှ အရည်တွေကို အများကြီး သောက်မိလို့ သန်းခေါင်ယံမှာ ဆီးသွားလေ့ ရှိတယ် ဆိုတာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စ တစ်ခုပါ။ ဒါပေမဲ့ သန်းခေါင်ယံမျိုး အိပ်လို့ ကောင်းနေတဲ့ အချိန်မှာ ခဏ ခဏ ဆီးသွားလေ့ ရှိနေပြီဆိုရင်တော့ သတိထား ဂရုစိုက်သင့်ပါပြီ။

ဘာကြောင့် သန်းခေါင်ယံမှာ ဆီးသွားလေ့ ရှိတာလဲ ?

(၁) အမူအကျင့်နဲ့ဆိုင်တယ်။

အိပ်ခါနီးမှ ရေသောက်ခြင်း၊ အရက် ဘီယာ သောက်ခြင်း၊ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်များ သောက်သုံးခြင်း စတာတွေကြောင့် ညဘက် သန်းခေါင်ယံ အချိန်မျိုးမှာ ဆီးသွားလေ့ ရှိပါတယ်။

(၂) ရောဂါနဲ့လည်းဆိုင်တယ်

- ဆီးလမ်းကြောင်းမှာ ပိုးဝင်ခြင်း၊

- လိင်ဆက်ဆံတဲ့ အချိန်မှာဖြစ်ပေါ်နိုင်တဲ့ အချို့သော ရောဂါတွေကြောင့် ဖြစ်ခြင်း

- ခြေထောက်တွေ ဖော ယောင်နေတဲ့ အခါမျိုးမှာ ဖြစ်ခြင်း

- အမျိုးသားတွေမှာ ဖြစ်လေ့ရှိတဲ့ ဆီးကြိတ်ရောဂါကြောင့် ဖြစ်ခြင်း

- အမျိုးသမီးတွေမှာ သားအိမ်၊ မမျိုးအိမ် ကြီးခြင်း

- ကလေးများ မွေးထားတဲ့ အမျိုးသမီးတွေမှာလည်း ဆီးအိမ်ကျုံနေခြင်း

- ဆီးချိုရောဂါရှင်များ

- ဆီးချို ကနဦး စဖြစ်ခါစ အချိန်များ

(၃) ဟော်မုန်းနဲ့ဆိုင် ပါတယ်။

ဆီးသွားတဲ့အခါ ထိန်းချုပ်ပေးတဲ့ ဟော်မုန်းနည်းနေရင်လည်းဖြစ် မကြာခဏ ဆီးသွားခြင်းမျိုး ဖြစ်တတ်ပါတယ်။

ဒီအချက်တွေကို သိရှိပြီး ညအိပ်ခါနီးမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ဘီယာ၊ အရက်၊ ရေ .. စတာတွေကိုလည်း မသောက်မိဖို့ ရှောင်ကြဉ်သင့်ပါတယ်။ ဆီးလမ်းကြောင်းမှာ ပိုးမဝင်အောင် ဂရုစိုက်ရမယ်။ သန့်စင်ဆေးကြောမဲ့ ရေကို ဂရုစိုက်ရမယ်။ သန်းခေါင်ယံမှာ မကြာခဏ ဆီးသွားခြင်းကို လျစ်လျူရှုမိမယ် ဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ သင့်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

ညဘက် သန်းခေါင်ယံမှာ ဆီးသွားတယ်ဆိုတာ အကြိမ်အရေအတွက် အတိအကျမရှိပေမဲ့ အိပ်ရေးပျက်လောက်အောင် ဆီးသွားနေပြီဆိုရင်တော့ မဖြစ်မနေ ဆရာဝန်နှင့် ပြသ တိုင်ပင်သင့်ပါတယ်။

Source: HealthFit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။