မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ အေစီမီလန်အသင်းက အူးဒီးနီးစ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ၃ မှတ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းဟာ ယခုနိုင်ပွဲကြောင့် ရမှတ် ၉ မှတ်နဲ့ အဆင့် ၅ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။ဖီအိုရင်းတီနားအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကလာနစ်ရဲ့ အသင်းအတွက် ပထမဆုံးသွင်းယူပေးခဲ့တဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ကလာနစ် ၊ ဆူဆို ၊ ကတ်ဆီရီ ၊ ဘိုနာဗန်ကျူရာ၊ ကာလာဘရီယာ၊ ဘီဂလီယာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အူးဒီးနီစ်း အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လိုပက်၊ လက်ဆာနာ၊ ဒီပေါ၊ ဘတ်ရာမီ၊ ဘာရက်၊ ဂျန့်တို တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အူးဒီးနီးစ် အသင်းရဲ့ မာမာထန်ထန် တုံ့ပြန်ကစားမှုကြောင့် အေစီမီလန်အသင်း နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရတာလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ၂၂ မိနစ်မှာ ကလာနစ်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပွဲချိန် ၂၈ မှာတော့ အူဒီနီးစ် အသင်းအတွက် ချေပဂိုးကို လက်ဆာနာ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၃၁ မိနစ်မှာတော့ အေစီမီလန်အသင်းအတွက် အနိုင်ဂိုးကို ကလာနစ်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ ဘယ်သူမှ ဂိုးမသွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်းရလဒ် နဲ့သာ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။