အောင်သူနဲ့ကျော်ကိုကိုကိုလိုက်နေပြီဖြစ်တဲ့ထိုင်းကလပ်အသင်း

မြန်မာလက်ရွေးစင်အသင်းရဲ့တိုက်စစ်အတွဲဖြစ်တဲ့

အောင်သူနဲ့ကျော်ကိုကိုကိုထိုင်းကလပ်အသင်းတစ်သင်း

ကလိုက်နေပါပြီ။ထိုင်းလိဂ်ရဲ့အပြောင်းအရွှေ ့စျေးကွက်

မစသေးပေမယ့်အောင်သူနဲ့ကျော်ကိုကိုအရခေါ်မယ်လို့

တရားဝင်ကြေညာလိုက်တဲ့ထိုင်းကလပ်ကတော့

ဆာမတ်ဆာခွန်ပါပဲ။ဆာမတ်ဆာခွန်အသင်းကိုတော့

မြန်မာပရိသတ်တွေရင်းနှီးပြီးသားဖြစ်နေမှာပါ။

မြန်မာကစားသမားတွေဖြစ်တဲ့ကောင်းဆက်နိုင်၊

ရိုင်းသူရတို့လည်းဆာမတ်ဆာခွန်မှာကစားခဲ့ဖူးပါတယ်။

မြန်မာပရိသတ်တွေများစွာရှိတဲ့ဆာမတ်ဆာခွန်

အသင်းဟာထိုင်းလိဂ်-3ချန်ပီယံဖြစ်ပြီးလာမယ့်

ဘောလုံးရာသီမှာထိုင်းလိဂ်-2ကိုတန်းတက်

ကစားမှာဖြစ်ပါတယ်။ဆာမတ်ဆာခွန်အသင်းဥက္ကဌ

ကလည်းဒီသတင်းကိုအတည်ပြုခဲ့ပြီးသူတို့ဟာ

အောင်သူနဲ့ကျော်ကိုကိုကိုနောက်နှစ်ဘောလုံးရာသီမှာ

ခေါ်ယူဖို့ကြိုးစားနေတယ်လို့ဝန်ခံခဲ့ပါတယ်။

ဆာမတ်ဆာခွန်ဟာသူတို့နှစ်ယောက်ရဲ့အစွမ်းနဲ့အတူ

ထိုင်းလိဂ်-1ကိုတန်းတက်ခွင့်ရဖို့မျှော်လင့်နေပါတယ်။

အောင်သူနဲ့ကျော်ကိုကိုသာဆာမတ်ဆာခွန်ကိုပြောင်းရွှေ့

ခဲ့မယ်ဆိုရင်မြင့်မားတဲ့လစာတစ်ရပ်ကိုရရှိလိမ့်မယ်လို့လည်း

သိရပါတယ်။ဆာမတ်ဆာခွန်ဟာဒီကစားသမားနှစ်ယောက်

ကိုကာလရှည်ကြိုးပမ်းနေခဲ့ပြီးဒီနှစ်ဘောလုံးရာသီမှာလည်း

သတင်းထပ်မံထွက်ပေါ်လာတာပါပဲ၊၊မြန်မာတိုက်စစ်အတွဲ

ဆာမတ်ဆာခွန်မြို့ကလေးကိုသွားတော့မှာလား။ 

Source-Siam Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။