ရေယုန်ဖြစ်ပွားပုံ လက္ခဏာက ခါးစည်းကြိုးပတ်ထားသလို ဝန်းရံဖြစ်ပွားပြီး အများအားဖြင့် ကိုယ်ခန္ဓာတစ်ဖက်တည်းတွင်သာ ပေါက်ရောက်ဖြစ်ပွားကြပါတယ်။ရေယုန်နာရဲ့ လက္ခဏာတွေကို ယေဘုယျအားဖြင့် အဆင့်(၃)ဆင့် ခွဲခြားထားနိုင်ပါတယ်။ပထမအဆင့်ကတော့ အနာမဖြစ်ခင် စပ်ဖျဉ်းဖျဉ်း နာကျင်စေတဲ့အဆင့်၊ဒုတိယအဆင့်ကတော့ အနာပေါက်ချိန်မှ အနာပေါက်ပြဲသွားတဲ့အဆင့်၊တတိယအဆင့်ကတော့ ရေယုန်အနာပျောက်ပြီးနောက် အာရုံကြောများ ဆက်လက်နာကျင်စေတဲ့အဆင့်တို့ဖြစ်လေ့ရှိကြပါတယ်။ဒါပေမယ့်နောက်ဆုံးတစ်ချက်ကတော့ အသက်၅၀၀န်းကျင်မှသာဖြစ်ပွားလေ့ရှိကြတာများကြပါတယ်။

ဒါကြောင့် ရေယုန်ကတော့ နေရောင်ခြည်နှင့်မထိတွေ့သောနေရာတွင်ပေါက်လျှင်ပို၍ပွါးလွယ်ပါတယ်။ဥပမာ- ချိုင်းအောက်၊ရင်ပတ်၊နောက်ကျော၊ဝမ်းပိုက်တွင်အမြန်ပွါးတတ်တယ်။ဒီလိုဖြစ်လာရင် အဖျားပါဝင်လာတက်ပါတယ်။ဒါကြောင့် ရေယုန်ပေါက်လာခဲ့ရင် ပရိသတ်တွေအတွက် ပျောက်ကင်းစေမယ့် နည်းလေးတွေကိုဖော်ပြလိုက်ရပါတယ်။ပြုလုပ်နည်းလေးတွေကတော့

- ကင်းမုံရွက် ရေစင်အောင်ဆေး သတ္တုရည်ညှစ်ပြီး လိမ်းပေးပါ။

- ကြက်သွန်ဖြူညက်အောင်ထောင်းပြီး အုံပေးပါ။

- လေးညှင်းပွင့်ညက်အောင်ရေစိမ်ပြီးထောင်းလိမ်းပါ။

- ကုက္ကိုရွက်ထောင်းအရည်ညှစ် ပျားရည်နှင့်ရောစပ်လိမ်းပါ။

- ကျွန်းသားမီးသွေးထောင်းပြီး အုန်းဆီနှင့်ရောစပ်လိမ်းပါ။

- ပိစပ်ရွက်အရည်ညှစ် အနာဖြစ်လျှင်ဖန်ဆေးပေးပါ။

- ပျားရည်၊အုန်းဆီ၊သံပရာရည် ရောစပ်လိမ်းပါ။

- ခွေးတောက်ရွက်မီးကင် အရည်ညှစ်လိမ်းပါ။

ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။

သတင်းအရင်းအမြစ်-မြန်မာ့ဆေးကောင်းများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။