မနက် ၁ : ၁၅ မှာယှဉ်ပြိုင်ကစားမဲ့လိဂ်ဖလားရံှူးထွက်ပွဲစဉ်မှာ အိမ်ရှင်လက်စတာအသင်းက ကင်းပါဝါ ကွင်းမှာ လီဗာပူလ်းအသင်းကိုဧည့်ခံကစားရမှာလည်းဖြစ်ပါတယ်။လက်စတာအသင်းဟာ ရှက်ဖီးယူနိုက်တက် အဝေးကွင်းမှာအနိုင်ယူပြီး နောက်တစ်ဆင့်ကိုတတ်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းကတော့ ယခု တတိယအဆင့်ကနေမှ စတင်ကန်မှာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ဘက်ချင်းယှဉ်ပြိုင်တဲ့ ပွဲဖြစ်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်မဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ပရီးမီးယားလိဂ်မှာ ရလဒ်တွေ မကောင်းတဲ့ အိမ်ရှင်လက်စတာအသင်းကတော့ လိဂ်ဖလားကို ပစ်မှတ်ထားလာနိုင်ဖွယ်ရှိတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းကတော့ ဒီနေ့ကန်မယ့်ပွဲမှာ လူငယ်တွေကိုသာနေရာပေးသွားဖွယ်ရှိနေတာဖြစ်ပြီး အဓိကကစားသမားတွေကို အနားပေးသွားဖို့လည်းရှိနေတာဖြစ်ပါတယ်။

လက်စတာအသင်းရဲ့ ဖြစ်နိုင်ဖွယ်လူစာရင်းကတော့ နာချို၊ စလီမာနီ ၊ ဂါရေး ၊ ကင်း၊ အမ်ဒီဒီ၊ မာရင်တို့ကို ပွဲထုတ်လာနိုင်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းရဲ့ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းမှာတော့ စတာရစ်၊ ဆိုလန်ကီ၊ ဝစ်နယ်ဒန်၊ ချန်ဘာလိန်၊ မီနာတို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။အိမ်ရှင်အသင်းဟာ လီဗာပူလ်းအသင်းထက် နိုင်ပွဲရနိုင်ချေ ပိုမို အလေးသာနေတာလည်းဖြစ်ပါတယ်။လက်စတာအသင်းပဲ မောက်တစ်ဆင့်တတ်လှမ်းနိုင်မလား၊ လီဗာပူလ်းအသင်းကပဲတတ်လှမ်းသွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမယ်ဗျာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။