ပထမ ကမ္ဘာစစ်ပွဲ ကြီးဟာ ဥရောပတိုက်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲကြီးဟာ ၂၈ ဂျူလိုင် ၁၉၁၄ခုနှစ်ကနေ ၁၁ နို၀င်ဘာ ၁၉၁၈ခုနှစ် အထိကြာမြင့်ခဲ့ပါတယ်။ စစ်ပွဲအတွင်း အရပ်သားပေါင်း သန်း၆၀ လောက်ပါ၀င်ခဲ့ကြပြီး စစ်သည်ပေါင်း သန်း ရ၀လောက် ပါ၀င်တိုက်ခိုက်ခဲ့ကြတဲ့ သမိုင်းမှာ အကြီးမားဆုံးစစ်ပွဲကြီးလည်းဖြစ်ပါတယ်။ စစ်ပွဲမှာ ပါ၀င်တိုက်ခိုက်သူ စစ်သည်ပေါင်း ၉ သန်းကျော် ကျဆုံးခဲ့ပြီး၊ အရပ်သား ရသန်းလောက် စစ်ပွဲရဲ့အကျိုးဆက် အနေနဲ့ သေဆုံးခဲ့ရပါတယ်။ နည်းပညာနဲ့ စက်မှုလုပ်ငန်းဆိုင်ရာတိုးတက်မှုတို့ကြောင့် သေကြေပျက်ဆီးမှု ဟာမြင့်တက်ခဲ့ရပါတယ်။ ပထမကမ္ဘာစစ်မှာ အဓိက အားဖြင့်ကတုတ်ကျင်းစစ်ဆင်ရေး စစ်ပွဲလည်းဖြစ်ပါတယ်။ ကတုတ်ကျင်းထဲမှာ စစ်သည်တွေဟာ လက်နက်တွေ၊ လူတွေ နဲ့ အသင့်နေရာယူပြီး ကျူးကျော်လာသူတွေကို တိုက်ခိုက်ကြတာပါ။

စစ်ပွဲအတွင်းပါ၀င်ခဲ့ကြတဲ့ အဖွဲ့ အနေနဲ့ နှစ်ဖွဲ့သတ်မှတ်နိုင်ပါတယ်။ မဟာမိတ် အဖွဲ့ နဲ့ ဂျာမနီ နိုင်ငံနဲ့ သြစတြေးယား-ဟန်ဂေရီ တို့ပါ၀င်တဲ့ ဗဟိုအင်အား အဖွဲ့ပါ။ မဟာမိတ် အဖွဲ့မှာတော့ ရုရှားအင်ပါယာ၊ ပြင်သစ်နိုင်ငံ၊ ယူကေ နဲ့အိုင်ယာလန် တို့ပါ၀င်ကြပါတယ်။ မဟာမိတ်အဖွဲ့မှာ အီတလီ၊ ဂျပန်နဲ့ အမေရိကန်တို့ နောက်ထပ်အဖွဲ့ထဲ ပါ၀င်လာ ခဲ့ပါတယ်။ ဗဟိုအင်အားအဖွဲ့မှာတော့ နောက်ထပ် အော်တိုမန်အင်ပါယာ နဲ့ ဘူဂေးရီးယား နိုင်ငံတို့ ထပ်မံပါ၀င်လာပါတယ်။ စစ်ဖြစ်ပွားရတဲ့ အကြောင်းရင်းကတော့ သြစတြေးယား အိမ်ရှေ့မင်းသား ဖရန့်ဖာဒီနန် လုပ်ကြံသတ်ဖြတ်ခြင်းခံရတာကနေ အစပြုခဲ့ပါတယ်။ စစ်ပွဲအတွင်း ဓာတုလက်နက်များလည်း အသုံးပြုခဲ့ကြပါတယ်။

စစ်ကြီးကြောင့် ကမ္ဘာ့သမိုင်းမှာ အပြောင်းအလဲများစွာ ဖြစ်ပွားခဲ့ပါတယ်။ စစ်ကြီးပြီးတဲ့နောက် ဂျာမန်အင်ပါယာ၊ ရုရှားအင်ပါယာ၊ သြစရိုဟန်ဂေရီ အင်ပါယာ၊ အော်တိုမန်အင်ပါယာ စတဲ့ အင်ပါယာနိုင်ငံတွေ ပြိုလဲသွားခဲ့ပါတယ်။ နယ်နမိတ်သစ်များပြင်ဆင်ရေးဆွဲခဲ့ရပြီး လွတ်လပ်တဲ့ နိုင်ငံသစ်များပေါ်ပေါက်ခဲ့ရပါတယ်။ ပထမ ကမ္ဘာစစ်ပွဲ ကြီးကြောင့် နိုင်ငံပေါင်းချုပ်အသင်းကြီး ကိုစတင်ဖွဲ့စည်းခဲ့ကြပါတယ်။ စစ်ပွဲကြီးတွေထပ်မဖြစ်ပွားရအောင်ပါ။ ဒါပေမယ့် နိုင်ငံပေါင်းချုပ်အသင်းကြီး ဟာ ထိထိရောက်ရောက်မလုပ်ဆောင်နိုင်ခဲ့ဘဲ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။

Source: Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။