ပရိသတ်တွေအတွက်တော့ ဒီသီချင်းMTV လေးက အမြည်းပဲထွက်ထားပေမယ့် စိတ်ဝင်စားမှုတွေမြင့်တက်နေကြပါတယ်။

သရုပ်ဆောင်အဆိုတော် နန်းဆုရတီစိုး ဟာ ရူးအောင်ချစ်ရသူ ဆိုတဲ့ သူမရဲ့ တစ်ကိုယ်တော်သီချင်းလေးတစ်ပုဒ်မှာ Gfatt နဲ့ အတူပါ၀င်သရုပ်ဆောင်ထားတဲ့ပုံပါပဲ။

လက်တလော အွန်လိုင်းမှာ ပျံ့နေတဲ့ အဆိုပါ MTV သီချင်းလေးကို နန်းစုက သီဆိုထားပြီး စာတန်းထိုးတဲ့နေရာမှာတော့ သရုပ်ဆောင်ရေးမထားပေမယ့် သီချင်းထဲကကောင်လေးဟာ Gfatt ဖြစ်တယ်ဆိုတာ အားလုံးကသိပြီးသားဖြစ်နေကြပါတယ်။

ပရိသတ်တွေစိတ်ဝင်စားနေတဲ့ အဲ့ဒီသီချင်းလေးဟာ ပုဂံမှာရိုက်ကူးထားတာဖြစ်ပြီး နန်းစု နဲ့ ဂျီဖတ် ကို လိုက်ဖက်ညီတဲ့စုံတွဲလေးလို့ အားလုံးကမှတ်ချက်ပေးထားကြပါတယ်။

နန်းစု ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး ကျွန်မမှာအရမ်းချစ်ရတဲ့ချစ်သူရှိနေပါပြီ လို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟဝန်ခံထားပေမယ့် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ တရားဝင်ဖွင့်မပြောရသေးတာပါပဲ။

ဖေ့ဘုတ်နဲ့ အင်စတာဂရမ်မှာ နန်းဆုတင်ထားတဲ့ပုံလေးတွေအောက်မှာ အမြဲလိုလို ကွန့်မန့်ပေးလေ့ရှိတဲ့ ဂျီဖတ် နဲ့ အပြန်အလှန်ရေးထားတဲ့ကွန့်မန့်တွေ နဲ့ သူတို့နှစ်ယောက်အတူရိုက်ထားတဲ့ပုံလေးတွေက သူတို့နှစ်ယောက်ကို ချစ်သူတွေဆိုပြီး အားလုံး က ထင်ကြေးပေးထားကြပါတယ်။

အဆိုပါ ရူးအောင်ချစ်ရသူ သီချင်းလေးကို လူမှုကွန်ရက်မှာ (၂၅)ရက်နေ့မှ တင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

Video Source :  Win Lwin Htet fb

Photo - Nan su Instagram & Fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။