Goblin

ဒီရုပ်ရှင်ကားဟာ ရိုက်ကူးထားတဲ့ ကိုရီးယားကားများထဲမှာ ပရိသတ်တွေ အတွက် အင်မတန်ကြည့်ကောင်းစေမယ့်ကားပါ။ လှပတဲ့ နေရာတွေကို ရိုက်ကူးထားပြီး၊ ဇာတ်လမ်းဇာတ်အိမ်တွေကို အသေးစိတ် ချယ်သထားပါတယ်။ ကင်မရာ အလင်းအမှောင် ယူဆပုံ၊ ရိုက်ကူးထားပုံများလည်း အလွန်ကောင်းမွန်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။

The Legend of the Blue Sea

ဒီဇာတ်လမ်းလေးကတော့ တစ်ဦးက ကုန်းပေါ်က လူသားဖြစ်ပြီး နောက်တစ်ဦးကတော့ သမုဒ္ဒရာ က ရေသူမပါ။ ဝေလငါးပြာပြာ တွေ၊ လှပတဲ့ငါးတွေ နဲ့ ပြုလုပ်ဖန်တီးထားချက်တွေဟာ ပရိသတ်တွေ အတွက် ရင်သပ်ရှုမောဖွယ်ပါ။ မင်းသမီး Jun Ji Hyun ကလည်း အကောင်းဆုံးသရုပ်ဆောင်ထားပါတယ်။

Cheese in the Trap

ဒီဇာတ်လမ်းအတွက် ရိုက်ကူးထားတဲ့ နေရာတွေ၊ သဘာဝရှုခင်းတွေ ရွေးချယ်ထားမှု ဟာ ဒီဇာတ်ကားနဲ့ အလွန်လိုက်ဖက်ပါတယ်။ လှလှပပရိုက်ကူးထားပြီး ညဘက်သဘာဝအလှတွေဟာ ရုပ်ရှင်ကို ပိုမိုသက်ဝင်စေပါတယ်။ ပါ၀င်တဲ့ မင်းသား၊မင်းသမီးတွေကလည်း အကောင်းဆုံးသရုပ်ဆောင်ထား တာကြောင့် ကြည့်သင့်တဲ့ကားလေးပါ။

Scarlet Heart: Goryeo

ဒီဇာတ်ကားလေးကတော့ သမိုင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကားလေးပါ။ ပါ၀င်တဲ့မင်းသား၊မင်းသမီးတွေဟာ ရိုးရာဝတ်စုံတွေ၊ တော်ဝင် ဓလေ့ အထတွေကို ပါ၀င်အောင် ရိုက်ကူးထားတာပါ။ အလွန်လှပတဲ့ ရှုခင်းများနဲ့ ပေါငး်စပ်ရိုက်ကူးထားတာကြောင့် ကြည့်သင့်တဲ့ကားလေးပါ။

Source: Korea Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။