ကိုးရီးယားမလေးတွေကတော့မြန်မာပရိသတ်တွေအတွက် အားကျခဲ့ရတယ့် ကောင်မလေးတွေပေါ့။ဒါကြောင့်လည်း သူတို့ရဲ့ ဟန်ပန်အမူအရာတွေဖက်ရှင်ဒီဇိုင်းတွေက တို့မြန်မာပြည်မှာ ခေတ်စားနေခဲ့တာပေါ့။နုနုရွရွနဲ့ ယုန်ကလေးတစ်ကောင်လို အမူအရာလေးတွေကလည်း သူတို့ဆီကကူးစက်ခဲ့တာပေါ့။

ဒါပေမယ့် သူတို့တွေကလည်း တို့မြန်မာတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို တန်ဖိုးထားကြတာလည်းတွေ့မြင်ရပါတယ်။မြန်မာနိုင်ငံကို အလည်အပတ်အနေနဲ့ ရောက်ရှိလာခဲ့ကြတယ့် ကိုးရီးယားမင်းသမီးတွေ၊အဆိုတော်တွေ တခြားလည်ပတ်သွားလာသူတွေအများအပြားကတော့မြန်မာပြည်ကိုရောက်ခဲ့ရင် မြန်မာပြည်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ မြန်မာဓလေ့တွေကို တန်ဖိုးထားနေထိုင်သွားကြတာကိုလည်းတွေ့မြင်ရပါတယ်။

ကိုးရီးယားမလေးတွေ မြန်မာနိုင်ငံကိုရောက်ရှိခဲ့စဉ်က ရွှေတိဂုံဘုရားမှာ မြင်တွေ့ခဲ့ရတယ့် ဓာတ်ပုံလေးတွေကို ပရိသတ်တွေ တွေ့မြင်ဖို့တင်ပေးလိုက်ရပါတယ်။မြန်မာဝတ်စားဆင်ယင်မှုတွေနဲ့ ယဉ်ယဉ်လေးလှနေကြတယ့် ကိုးရီးယားမလေးတွေရဲ့ အလှကိုမြင်တွေ့ရမှာပါ။မြန်မာဝတ်စားဆင်ယင်မှု ဟာ မြင်သူတွေအဖို့စိတ်နှလုံးအေးချမ်းစေပြီးယဉ်ကျေးသိမ့်မွေ့မှုကိုပြသနေတာ အမှန်ပါ။

သတင်းအရင်းအမြစ်-NONO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။