၀ါဆိုမိုးဦးကတော့ ကမ်းခြေမှာအရမ်းကိုလန်းနေပါတယ်။အပေါ်ပိုင်းကတော အညိုရောင်အကျင်္ီအတိုလေးနဲ့ အောက်ပိုင်းပတ်ကာလာစုံသပတ်လေးကိုလည်း ပတ်ထားပါသေးတယ်။စမတ်ကျတဲ့ ခန္ဓာကိုယ်လေးနဲ့ဝတ်ထားတဲ့ဝတ်စုံလေးက လှပနေပါတယ်။နေကာမျက်မှန်လေးက သူမကိုစမတ်ကျစေတဲ့အရာတစ်ခုပါပဲ။

သူမဟာ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေကိုရောက်ရှိနေတာလဲဖြစ်ပါတယ်။ပတ္တရားကမ်းခြေဟာ အာရှမှာအလှဆုံးကမ်းခြေတွေထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။သာယာလှပတဲ့ ရှုခင်းတွေနဲ့ပျော်စရာကောင်းတဲ့နေရာတစ်ခုလဲဖြစ်ပါတယ်။သူမရဲ့ဖေဘုတ်မှာတော့ “ပင်လယ်သဘာဝလေကိုရှုရှိက်ရင်း အပန်းဖြေ” ဆိုပြီး ကမ်းခြေမှာအပန်းဖြေရတဲ့ အရသာကို သူမရဲ့ဓာတ်ပုံတွေနဲ့အတူတင်ထားပါသေးတယ်။

သရုပ်ဆောင်ဝါဆိုမိုးဦးဟာ ဇာတ်ကားပေါင်းများစွာကို ပါ၀င်သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပရိသတ်ရဲ့အားပေးမှုများစွာကိုလည်းရရှိသူတစ်ယောက်ဖြစ်ပါတယ်။သူမဟာ ကြီးမြတ်သောမြန်မာ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးထားပြီး သူမကာတော့လူတိုင်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်းပြောဆိုထားပါတယ်။

သတင်းအရင်းအမြစ် - ၀ါဆိုမိုးဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။